Monday, August 5, 2013

Blog က ပို့စ်တွေနဲ့ Gadget တွေကို ဘောင်ခတ်ချင်ရင်

Blog က ပို့စ်တွေနဲ့ Gadget တွေကို ဘောင်ခတ်ချင်ရင်



ဘလော့ပို့စ်ကို ဘောင်ခတ်တဲ့ နည်းလေး သိချင်လို့ ကျွန်တော့်ကို လာမေးထားတာ တော်တော်လေးတောင် ကြာပါပြီ။


တစ်ခြား Blog တွေမှာလည်း အဲဒီနည်းလေးကို မေးနေကြတာ တွေ့ရတယ်။ Blogger မှာရှိတဲ့ Template တွေမှာတော့

များသောအားဖြင့် ပို့စ်တွေနဲ့ Gadget တွေကို ဘောင်ခတ်ထားတာ သိပ်မတွေ့မိဘူး။ တစ်ခြား Template တွေ တင်တဲ့

ဆိုဒ်တွေက Template တွေမှာတော့ ဘောင်တွေ ပါတာများပါတယ်။ Blogger ကတော့ အခြေခံကုတ်တွေလောက်ပဲ။

ကိုယ့်စိတ်တိုင်းကျ ပြင်ချင်ရင် ပြင်လို့ရအောင် ချန်ထားပေးတာလားတော့ မသိဘူး။ဘောင်လေးတွေ ခတ်ထားတာက

သူ့နေရာလေးတွေနဲ့သူ သေသေသပ်သပ် ကြည့်လို့လည်း ပိုကောင်းသွားတယ်။ အောက်က ပုံလေးတွေကို ကြည့်ပါ။

မူရင်း ( ဘောင်ခတ်ထားတာတွေ မပါဘူး )



ပြင်ပြီး ( ဘောင်ခတ်ထားတာကို မြင်ရမှာပါ )

 

တစ်ကယ်လို့ သင့် Blog က ပို့စ်တွေနဲ့ Gadget တွေမှာ ဘောင်ခတ်ထားတာ မပါဘူးဆိုရင်....

Design >> Template >> Edit HTML ကို နှိပ်ပြီး </head> ကို ရှာပါ။ တွေ့ပြီဆိုရင် </head> ရဲ့ အပေါ်မှာ

အောက်မှာ ပေးထားတဲ့ ကုတ်လေးတွေကို ထည့်ပြီး Save Template ကို နှိပ်လိုက်ရုံပါပဲ။


<style>
.date-outer {
    position: relative;
    margin: 30px 0px 20px;
    padding: 0px 15px;
    background-color: transparent;
    border: 1px solid rgb(152, 200, 209);
    box-shadow: 0px 0px 0px rgba(0, 0, 0, 0.2);
    border-radius: 0px 0px 0px 0px;
}

.main-inner .widget {
    background-color: transparent;
    border: 1px solid rgb(152, 200, 209);
    padding: 0px 15px 15px;
    margin: 20px -16px;
    box-shadow: 0px 0px 0px rgba(0, 0, 0, 0.2);
    border-radius: 0px 0px 0px 0px;
}
</style>

တစ်ကယ်လို့ Template ထဲ ကုတ်တွေ မထည့်တတ်ဘူးဆိုရင်လည်း HTML/JavaScript မှာ ထည့်လည်း ရပါတယ်။

အနီရောင်နဲ့ ပြထားတာက ဘောင်အရောင်ပါ။ ကိုယ့် Blog နဲ့ ကြည့်ကောင်းမယ့် အရောင်လေးတွေ ပြင်သုံးပေါ့။

အပေါ်မှာ ပေးထားတဲ့ ကုတ်မှာ တစ်ခြား ပြင်လို့ ရတာလေးတွေလည်း ရှိပါသေးတယ်။ ခုအတိုင်းလည်း ရနေပါပြီ။

နမူနာ ကြည့်ချင်တယ်ဆိုရင် ကျွန်တော့် သူငယ်ချင်းမလေး သဲပုံရဲ့ Blog ကို ဒီနေရာကို နှိပ်ပြီး သွားကြည့်လိုက်ပါ။

ဒီကုတ်တွေက သူ့ Blog ကို ပြင်ပေးရင်းနဲ့ ဘောင်ခတ်တာမှာ သုံးပေးထားတာပါ။ အားလုံးပဲ ပျော်ရွှင်ပါစေဗျာ..

http://itwebcrazyboy.blogspot.com

No comments:

Post a Comment

အသိပေးစာ

Website အပြောင်းလဲ လုပ်နေပါသည်

uuuuuuuuuuuu

Blogger Tips and TricksLatest Tips For BloggersBlogger Tricks