Saturday, August 10, 2013

Flash SWF ဖိုင်များကို Google Site တွင် Upload တင်နည်း


SWF ဖိုင်များကို Google Site တွင် Upload တင်နည်း

ကဲ ဒီနေ့တော့ ကျွန်တော် Flash Song တွေ လုပ်နေတဲ့ သူငယ်ချင်းတွေအတွက် Flash SWF ဖိုင်တွေ လင့်ချိတ်လို့ ရမယ့်

ဆိုဒ်လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တော်တော်များများ Ning ဆိုဒ်တွေမှာပဲ လင့်ချိတ်လေ့ ရှိပြီးတော့ တစ်ခြား

ဆိုဒ်တွေကနေ လင့်ချိတ်တဲ့လူက အရမ်းရှားပါတယ်။ www.dropbox.com မှာ တစ်ချို့ လင့်ချိတ်ထားတာတွေ့တော့

သွားစမ်းပြီးတော့ လုပ်ကြည့်သေးတယ်။ သိပ်အဆင်မပြေတာနဲ့ SWF ဖိုင်တွေ လင့်ချိတ်လို့ ရမယ့်ဆိုဒ်တွေ လိုက်ရှာရင်း


http://sites.google.com ဆိုတဲ့ ဆိုဒ်လေး တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ Flash SWF ဖိုင်တွေတင် မဟုတ်ပဲ Mp3 သီချင်းတွေ၊

Software တွေနဲ့ တစ်ခြား ဖိုင်တော်တော်တော်များများ Upload တင်လို့ရပါတယ်။ ကိုယ်ပိုင် Site လေး တစ်ခုဖန်တီးပြီး

လင့်ချိတ်လို့ ရတဲ့အတွက် အရမ်းကို ကောင်းပါတယ်။ စိတ်ဝင်စားလို့ Google Site မှာ ကိုယ်ပိုင် ဆိုဒ်လေး တစ်ခု လုပ်ချင်တယ်ဆိုရင်တော့ Creat လုပ်နည်းနဲ့ Upload တင်နည်း [ လင့်ချိတ်နည်း ] လေးကို ပုံလေးတွေနဲ့ ရှင်းပြပေးလိုက်ပါတယ်။



[ 1 ] ပထမဦးဆုံး http://sites.google.com ကို သွားပြီးတော့ သင့် Gmail အကောင့်နဲ့ Sign In လုပ်ပါ။




[ 2 ] အောက်က ပုံလေးလို ပေါ်လာပြီဆိုရင် CREATE ကို နှိပ်ပါ။



[ 3 ] သင် ဆိုဒ်လုပ်ဖို့အတွက် လိုအပ်တာလေးတွေ ဖြည့်ပေးရပါမယ်။ ကျွန်တော် အောက်မှာ နမူနာ လုပ်ပြထားပါတယ်။

ပြောဖို့ တစ်ခု ကျန်သွားတယ်။ Select a theme မှာ ကိုယ် အသုံးပြုမယ့် Theme ဒီဇိုင်းလေး တစ်ခုကို ရွေးနိုင်ပါသေးတယ်။



[ 4 ] အပေါ်က အဆင့်အောင်မြင်သွားပြီဆိုရင် ကိုယ်ပိုင်ဆိုဒ်ရဲ့ စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။ အောက်က ပုံလေးအတိုင်း

More >> Manages site ကို ကလစ်ပါ။




[ 5 ] Attachments ကို ထပ်နှိပ်ပေးပါ။




[ 6 ] Upload ကို နှိပ်ပြီးတော့ ကိုယ်လင့်ချိတ်ချင်တဲ့ Flash Song တစ်ပုဒ်ကို ရွေးပြီး Open လုပ်ပါ။ MB ဆိုဒ်နဲ့ အင်တာနက်လိုင်း

အနှေးအမြန်အပေါ် မူတည်ပြီးတော့ Loading ဖြစ်နေတာကို ခဏစောင့်ပေးလိုက်ပါ။ ပြီးပြီဆိုရင် အောက်က ပုံလေးအတိုင်းပေါ့။




View, Download ဆိုပြီးတော့ နှစ်မျိုး ပေါ်ပေးပါတယ်။ View ကတော့ ဒါရိုက် ဖွင့်ပြီးတော့ နားထောင်တာပေါ့နော်..

Download ကတော့ ဒေါင်းဖို့အတွက်ပေါ့။ ဒီသီချင်းတွေကို Flash Song တွေ ထည့်တဲ့ Embed Code နဲ့ ထည့်ချင်ရင်

View ဆိုတဲ့ လင့်အပေါ်မှာ Right Click လုပ်ပြီးတော့ Copy Link Location လုပ်ပြီး လင့်ကို ကော်ပီ လုပ်ပါ။

နမူနာ နားဆင်ရန် >> https://sites.google.com/site/thurainlin89/bb.swf?attredirects=0 << Bobby Soxer - စွာတေးလန်

Flash Song ထည့်ဖို့ Code ကိုတော့ အောက်မှာပေးထားပါတယ်။ အနီရောင်နဲ့ ပြထားတာကို အဆင်ပြေသလို ပြင်သုံးပါ။

<object><param name="movie" value=" လင့်ထည့်ရန် " /><embed src=" လင့်ထည့်ရန် " width="550" height="400"
 wmode="transparent"> </embed></object>  

ကဲ အဲလောက်ဆိုရင်တော့ အားလုံး အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ လာလည်ကြတဲ့ သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။
ဒီပို့စ်လေးကို အစ်ကိုကြီး သူရိန်လင်းဆိုက်  မှ ကူယူဝေမျှလိုက်တာပါ။

No comments:

Post a Comment

အသိပေးစာ

Website အပြောင်းလဲ လုပ်နေပါသည်

uuuuuuuuuuuu

Blogger Tips and TricksLatest Tips For BloggersBlogger Tricks