Friday, October 11, 2013

ဖလက်ဆောင်းလုပ်နည်း ( 3 )

ဒီပိုစ့်လေးကိုhttp://khithitmaung.blogspot.comမှမျှဝေပါတယ်
ဒီနေ့အခါမှာဖလက်ဆောင်းကိုအင်တာနက်သုံးသူတိုင်းစိတ်ဝင်စားလာကြတယ်၊ လုပ်တပ်တဲ့သူတွေလဲအများကြီးတွေ့လာရပါတယ်၊ မလုပ်တပ်သေးတဲ့သူတွေအတွက် ရည်ရွယ်ပီး
ဖလက်ဆောင်းလုပ်နည်းလေးကို ကျွှန်တော် သိသလောက် အသေးစိတ် ပုံလေးတွေနဲ့လုပ် ပြထားပါတယ်၊ တယောက်နဲ့တယောက်တော့ လုပ်နည်းလေးတွေ ကွာကြတယ်၊ဒါပေမဲ့ နောက်ဆုံးတော့လဲအတူတူပါပဲဗျာ၊ ဒါကတော့ ကျွှန်တော် သိတဲ့ ပုံစံလေးအတိုင်းလုပ်ပြထားတာပါ၊ပုံက ၀ါးနေရင် ကလစ်ပေးပီးကြည့်ပါ၊
ပထမဆုံး SWISH MAX ကိုဖွင့်လိုက်ပီး အောက်မှာအတိုင်း နောက်ခံနဲ့ ကိုယ်နှစ်သပ်ရာအရောင်ပြောင်းလိုက်ပါ၊
နောက် Text Tool ကနေကလစ်ပီ Font တွေ color တွေ Font ဆိုဒ်တွေ ပြောင်းပါ၊
အောက်မှာ Mp3 ထည့်ပါမယ် Insert >>Import sound ကနေ ထည့်လိုက်ပါ၊ ပုံကတော့ စာသားထည့်ပီးမှ ထည့်တာပိုအဆင်ပြေပါတယ်၊ ဘာလို့လဲဆိုတော့ Effect ကိုစမ်းတဲ့အခါ Loading လုပ်တာမြန်အောင်လို့ပါ၊ ပုံရှိနေရင်ကြာပါတယ်၊ ဒါပေမဲ့ ကိုယ်ထည့်မဲ့ပုံနဲ့ စာသားထားမဲ့နေရာကိုတော့ ကြိုပီးတွေးထားဖို့လိုပါတယ်၊
ပီးတာနဲ့ စာသားထည့်ပါ့မယ် စာသားကို အပြင် Notepad ထဲမှာ ရေးတာအကောင်းဆုံးပါ၊ သီချင်းတွေမှာ နှစ်ကြော့ပြန်တာတွေ ရှိပါတယ် အဲတော့ နှစ်ကြော့ပြန်တဲ့နေရာမှာ နှစ်ခါမရေးပဲ ကိုယ်အမှတ်အသားနဲ့ပဲ မှတ်ထားပါတယ်၊ တပုဒ်လုံးရေးပီးတာနဲ့ စားသားထည့်မဲ့နေရာမှာ Left click နဲ့ဖိပီး ဆွဲလိုက်ပါ၊ ပီးတာနဲ့ Notepad ထဲက သီချင်းအလိုက် အဖြတ်အတောက်ကို Copy ယူပီးထည့်ပါမယ် အောက်ကလိုပေါ့၊ ကိုယ်နှစ်သပ်သလို ထည့်နိုင်ပါတယ်၊ ကျွှန်တော်က 7 ကြောင်းထည့်ထားပါတယ်၊ ပီတော့ ကို ထားချင်တဲ့နေရာကို Subselection Tool (A) ကို ကလစ်ပီရွှေ့ပါ၊
နောက်သီချင်းစဆိုတဲ့နေရာ ကို လိုက်မှတ်ရပါမယ် အဲဒိအတွက် Play button လေးကို ကလစ်လိုက်ပါ၊ အောက်ကအတိုင်း လိုင်းတုံးလေးပြေးသွားတာကို အမှီလိုက်ကြည့်ရပါမယ်၊ မခက်ပါဘူး အောက်နားလေးမှာ scroll ဘားလေးကိုဆွဲပီးလိုက်ပါ၊

ကျွှန်တော့်သီချင်းက 265 မှာစတဲ့အတွက် 265 ရဲ့အောက်တည့်တည့် မထမဆုံးစာကြောင်းမှာ Select ပေးပီး အ၀င် Effect ထည့်ပါမယ်၊ Add Effect>>Appear into position ကနေကြိုက်တဲ့ ဒီဇိုင်းကို ထည့်နိုင်ပါတယ်၊
ထည့်ပီးတာနဲ့အောက်မှာ သီချင်းအသံနဲ့ ကိုက်အောင် ၀ိုင်းပြထားတဲ့နေရာလေးမှာ မောက်နဲ့ဖိပီး ဆွဲဆန့်လိုက်ပါ၊ ပီတော့ Play Effect ကိုကလစ်ပီး စမ်းကြည့်ပါ၊ သီချင်းအသံနဲ့ Effect ကိုက်ညီအောင်ချိန်ရပါမယ် တိုနေရင် ချဲ့ပါ ရှည်နေရင် ချုံ့ပါ၊ အကြံပြုချင်တာက အစကတည်းက ရှည်ရှည်ဆွဲထားပီးစမ်းတာ အကောင်းဆုံးပါပဲ၊ ဒါမှ ဘယ်အမှတ်မှာ အသံဆုံးသလဲဆိုတာကြည့်ပီ ထားလိုက်ယုံပါပဲ၊
စာသား ရှိုတ်ထည့်နည်းလေးပါ တခါထဲပြောပမယ် ကိုထည့်မဲ့ Effect ကို Select လုပ်ပီး အောက်ကအတိုင်လေးသွားလိုက်ပါ၊

နောက်စာကြောင်းတွေကိုလဲ အပေါ်ကအတိုင်း ထည့်သွားပါ၊ သတိပြုရမှာက စာကြောင်းတွေ Effect တွေက အပေါ်ကို တက်သွားတာပါ၊ အောက်ကိုဆင်းတာမဟုတ်ပါ၊၊ ဒီနေရာမှာ လုပ်နဲ့သူတွေ လည်တပ်လို့ပါ၊အောက်မှာကြည့်ပါ။
ကျွှန်တော်က 7 ကြောင်လုံး အ၀င် Effect ထည့်ပါတယ်။ဒါလဲ ကိုကြိုက်သလိုပါပဲ တကြောင်းပီးတာနဲ့ အပိတ် Effect ထည့်ချင်လဲ ရပါတယ်၊ ကျွှန်တော်က 7 ကြောင်းလုံး အ၀င် ထည့်ပီးမှ အပိတ် Effect ထည့်ထားတာပါ၊အောက်မှာ အပိတ် Effect ထည့်မဲ့ပုံပါ၊ နှစ်သပ်ရာရွေးပါ။
ထည့်ပီးသွားပုံ၊ဒါလေးတွေက နောက်လုပ်ရင်းနဲ့ အထာနပ်သွားပါလိမ့်မယ်၊
နောက်ထပ်စာကြောင်းတွေ ထပ်ထည့်တော့မယ်ဆိုရင် အောက်ကအတိုင်းလေးလုပ်လိုက်ပါ။
ဒါဆိုထည့်လိုရပါပီ၊ အပေါ်ကအတိုင်း ပီးတဲ့အထိသာ လုပ်သွားလိုက်ပါ၊ ပီတာနဲ့ ပုံထည့်ပမယ်၊
Insert>>> Import image့ နေသွားပါ၊
Play > Stop Button ထည့်ချင်သေးရင်ပြောပြမယ်နော်၊ ဘယ်သူတွေ ဘယ်လိုထည့်ထည့် ကျွှန်တော်ကတော့ ကျွှန်တော့နည်း နဲ့ပဲ ထည့်တယ်၊ အမြန်ဆုံးနည်းပဲ၊ လုံးဝအလုပ်လုပ်ပါတယ်၊ အားလုံးသီချင်းစာသားတွေ ပုံတွေ စိတ်တိုင်းကျ ထည့်ပီးပီဆိုရင် Desktop ပေါ်မှာ နောက်ထပ် SWISH MAX တခုဖွင့်လိုက်ပါ၊ အဲထဲမှာ ကိုထည့်ချင်တဲ့ Play button ကိုထည့်ပါ၊ နောက် အောက်ကအတိုင်လေး Right ကလစ်ပေးပီ Copy Object ယူပီတော့ ကိုယ်လုပ်ပီးသားသီချင်း စာသားတွေရဲ့ အပေါ်ကဖြစ်စေ အောက်ကဖြစ်စေ Paste လုပ်လိုက်ပါ၊ ကိုယ်ထားချင်တဲ့နေရာကိုရွှေ့ယူပါ၊ သီချင်းကိုကျော်ပီးနားထောင်တာမကြိုက်ရင် Effect ကိုဖြေချပီး ကျော်တဲ့ ခလုပ်တွေ Cut Object လုပ်ပီးဖျက်လိုက်ယုံပါပဲ၊
အားလုံးထည့်ပီးပီဆိုရင် Save တော့မယ်နော်၊ File>>Export>>SWF ကနေ Save ပါ၊ ဒါကလင့်ချရမဲ့ဖိုင်ပါ၊ Exe (projector) ကတော့ စက်ပေါ်မှာ ကလစ်ပေးပီး ကြည့်လို့ရတဲ့ဖိုင်ပါ၊

ဒီလောက်ဆိုရင် သီချင်းတပုဒ်တော့ ဖြစ်လောက်ပါပီနော်၊ SWISH MAX 4 Portable ကိုလိုချင်ရင် အောက်မှာယူပါ၊
 ဖလက်ဆောင်းအတွက်လိုအပ်တဲ့ Effect တွေကအောက်မှာယူပါ၊
အောက်မှာလဲယူနိုင်ပါတယ်

Flashsongs လုပ်နည်းနှင့် Effect များ



Header 1 Header 2 Header 3 Header 4
Bellcom Bubble Christmasglass Electric-Text
Falling Star Flowercomment Heart fly Lip button
Mouse couser Mouse letter Myat nar background Nouysote background
Roseakhat com Stars" com Star colour Tutipar background
Bubble2 Butterfly3 background Falling leafs Flake
Heart1 Heart2 Mouse effect star radomcolor Masking
Mouse snow Mouse butterfly Rain Myatnoechin photo
Star and hearts Sarkalay Star birds6
bird Flower2 flower5 birds7
flower1 paly and stop buttons How to create mouse How to create play and stop button
SWiSH Max4 protable create flashsongs Mouse effect ebook

No comments:

Post a Comment

အသိပေးစာ

Website အပြောင်းလဲ လုပ်နေပါသည်

uuuuuuuuuuuu

Blogger Tips and TricksLatest Tips For BloggersBlogger Tricks