အသံမကြား ရုပ်မမြင်ဘဲ တွေ့နေရတဲ့
စာကြောင်းလေးထက်က ရင်ခုန်မိတာ
ငါလွန်လားကောင်မလေးရယ်။
ဂျစ်ကျကျနဲ့ တိုက်ခိုက်တတ်တဲ့ စကားလုံးတွေက
ရင်ဘတ်ထဲကို ခပ်နာနာ ၀င်ရောက်ဖူးရဲ့။
ဖြူစင်လှတဲ့ မင်းစကားလုံးတွေနဲ့ လူတိုင်းကိုများ သိမ်းသွင်းနေလားဟင်.။
မယုံရင်နေပါ ပုံပြင်မမှတ်ဖို့ ညအိပ်တိုင်း ဆုတောင်းခဲ့တာ အခါခါပေါ့။
မီးစိမ်းမရှိတော့တဲ့ Online ပေါ်က မင်းအကောင့်ကို မြင်ရင်
င့ါရင်ထဲ ပူလောင်မိတာ အကြိမ်ကြိမ်ပေါ့ ကောင်မလေးရယ်။
ကပ်သီးကပ်ဖဲ့ ပြောပြတတ်တဲ့ မင်းတစ်ယောက်
ဘယ်တစ်ယောက်နဲ့  ကြည်နူးနေမလည်းနော်...။






No comments:
Post a Comment