Wednesday, October 9, 2013

မင်းသိထားဖို့

ချစ်သူ ငါ့ကို မုန်းမေ့ဖို့ ကြိုးစားပြီလား
သေချာတာကတော့ ငါ့ရင်ထဲ နင်ပဲ ရှိတယ်ဆိုတာ
ငါ ကိုယ်တိုင်ပဲ အသိဆုံးပါ ချစ်သူ
လုံလောက်စွာ ငါ့အချစ်တွေ ပြခဲ့လည်း
မပြည့်စုံနိုင်သေးတဲ့  နင့် အချစ်တွေကို
ခံယူချက် နှလုံးသားက  နင်စေလိုရာ စေ
ရင်နစ်အောင် ချစ်မိသူက ငါပါ
မင်းအလိုကျပေါ့  ချစ်သူ.......
      ခံစားချက်ရဲ့  စေရာက  မင်းပါ ချစ်သူ
      နင့်အလိုကို  ခေါင်းညိတ်လက်ခံသူကို
      မသိသေးကျွမ်းပမာ  ဆက်ဆံချင်  ဆက်ဆံပါ
      မုန်းမေ့ဖို့တော့  မကြိုးစားပါနဲ့
      ငါ  နင့်ဆီက ဒီစကားပဲ မကြားချင်ဆုံးပါ  ချစ်သူ......


                         နင့် ဘဝ နင့်အလိုကျ စီမံပါ
                         ငါဟာ နင့်တွက် ဖြေသိမ့်စရာပဲ ဖြစ်ဖြစ်ပေါ့
                         နောက်ဆုံးတော့လဲ မင်းငါ့ကို  ထားခဲ့မှာပဲ
                         သိနေလဲ ဆက်ချစ်နေခဲ့တဲ့ ငါ့ကို ငါ့တောင်
                         ဒွိဟစိတ်တွေ  ပေါင်းစပ်ချုပ်နှောင်လိုက်တော့
                         နင့်ကို ချစ်တဲ့စိတ်ပဲဆိုတာ  သိလာခဲ့တယ်  ချစ်သူ......


 မင်းကို ချစ်တဲ့အတွက်  မှားလား
 ငါ့ဘက်ကတော့  နင့်ကို ချစ်တဲ့ အတွက်
 အတ္တစိတ်တွေ မရှိတာတော့ ယုံကြည်ပေးပါ
 တစ်နေ့နေ့ပေါ့  ဘယ်တော့အခါခါပဲ ဖြစ်ဖြစ်
 မုန်းမေ့သွားပြီ ဆိုရင်လဲ တိတ်တဆိတ် ထွက်သွားပါ
 ဘယ်တော့မှ နှုတ်မဆက်ပါနဲ့
 ငါ့ ဘဝ မျှော်လင့်ချက်တွေ အမြဲ
 ရှင်သန်စေဖို့ပေါ့   ချစ်သူ.....

No comments:

Post a Comment

အသိပေးစာ

Website အပြောင်းလဲ လုပ်နေပါသည်

uuuuuuuuuuuu

Blogger Tips and TricksLatest Tips For BloggersBlogger Tricks