Tuesday, November 12, 2013

အလွမ်းခါးခါး

အလွမ်း ကို အလွမ်း နဲ့  စားရင်
အလွမ်းပဲ ကြွင်း နေတာ
ဒီအလွမ်း နဲ့  မပတ်သက်ချင်တော့ဘူး

သံယောဇဉ် ဆိုတာ မမြင်နိုင်ပေမယ့်
အမှောင်ည နဲ့  ကြယ်တွေ အိပ်ချိန် မှာ
ချစ်သူ ရေ ..................
နွေးထွေး တဲ့  နင့် ရင်ခွင် ထဲ ကနေ
တိုးခွေ့  ပြီး နင့် ကို ချစ်တဲ့ အကြောင်း
တိုးတိုးလေး ဖွင့်ပြောပြချင်တာ.............

လွန်ဆန် မရတဲ့  အလွမ်း ည တွေ အတွက်
ပြန်ဆုံမယ့် တစ်နေ့  မျက်နှာချင်ဆိုင် ထိုင်ပြီး
အတိုးချ လို့  စကားတွေ ပြိုင်ပြောကြမယ် နော်.....

နင့် အလွမ်း ငါ့ တမ်းတခြင်းတွေ ဘယ်သူ နိုင်မလဲ ပေါ့
ခုတော့ လည်း အချစ်နတ်တွေ ရဲ့ 
ဒဏ်ခတ် ခံ နေရတဲ့  ကို နှစ်ယောက်ဘဝ
အံကျိတ်လို့ ပဲ အလွမ်းခါးခါး ကို ခဏလောက် ခံစားလိုက်ကြမယ်နော်

No comments:

Post a Comment

အသိပေးစာ

Website အပြောင်းလဲ လုပ်နေပါသည်

uuuuuuuuuuuu

Blogger Tips and TricksLatest Tips For BloggersBlogger Tricks