Tuesday, November 12, 2013

ရယ်လိုက်မယ်



အချစ်ဆိုတာ ကူးပြောင်းဖို့  လွယ်ကူတယ်

ထင်နေတာလား .......

ကူးပြောင်းဖို့  လွယ်ကူရအောင် အချစ်ဆိုတာ



ကုန်ပစ္စည်း တစ်ခု မဟုတ်ဘူး........

သတ်မှတ်ချက်ကများတော့ .

ကုန်ပစ္စည်းတစ်ခုလို့  သတ်မှတ်ရင်တောင် ..

ကုန်ကူးဖို့  လမ်းတံတားကြေး တော့ အနည်းငယ်ပေး

ဆောင်ရလိမ့်မယ် .........လမ်းကြမ်းတမ်းရင်

ကုန်ပစ္စည်း အနာအဆာလေးတော့ ပေးဆောင်ရတယ် ...


မင်း နဲ့  ငါ့ ချစ်ခဲ့ကြတာ ... ကြာခဲ့ပြီ

မင်းကပဲ အမြဲ ပြောတက်တယ်..

နောက်တစ်ယောက်ကို အချစ်တွေ ကူးပြောင်းရတာ

လွယ်တယ်တဲ့ ......


ရယ်လိုက်မယ် ...

ဟုတ်တယ် မင်းနဲ့  မထိုက်တန်တဲ့ ငါ့ အချစ်အတွက်

နောက်တစ်ယောက်ကို ကူးပြောင်းရတာ တန်ပါတယ်..


ဒါပေမယ့် မင်းမသိတာ တစ်ခုရှိတယ်...

နောက်တစ်ယောက်ကိုကူးပြောင်းရတဲ့ လမ်းမှာ

ချောမွေ့ မှု ဆိုတာ မရှိဘူး......


ကြမ်းတမ်းတော့.....

နှလုံးသားလေးတော့ နည်းနည်း နာကျင်မှုကိုတော့

ပေးဆောင်ရတယ် ဆိုတာ ......

မင်း သတိမထားမိဘူးထင်တယ်.....။


အကူးမတက်ရင် နောက်ထပ် အသက်ပါ ပေးဆပ်ရတယ်

ဆိုတာ .....မှတ်သွားလိုက်ပါအုံး........။

No comments:

Post a Comment

အသိပေးစာ

Website အပြောင်းလဲ လုပ်နေပါသည်

uuuuuuuuuuuu

Blogger Tips and TricksLatest Tips For BloggersBlogger Tricks