Tuesday, November 12, 2013

ပျော်ပါစေ



မချစ်ခဲ့တာ မဟုတ်ဘူး
မချစ်တတ်တာပါ။
ဂရုမစိုက်တာ မဟုတ်ဘူး
နားလည်ပေးခဲ့တာပါ။
သ၀န်မတိုခဲ့တာ မဟုတ်ဘူး
ငြိုငြင်မှာ စိုးခဲ့တာပါ။
အလေးမထားတာ မဟုတ်ဘူး
မြိုသိပ်ခဲ့တာပါ။



အလေ့အကျင့် ဖြစ်နေခဲ့တဲ့
ဆန့်ကျင်ဘက်စိတ်နဲ့ ငါ
နင့်စိတ်တိုင်းကျ ပုံစံဖြစ်အောင်
လေ့ကျင့်နေချိန်မှာ
နင်က ထားရစ်ခဲ့တော့အလဲလဲအပြိုပြိုနဲ့
ရင်ပွင့်မတတ် ကြေကွဲနေခဲ့ရတယ်။

တချိန်လုံး အနိုင်ယူခဲ့တဲ့ငါ
နင်ကအနိုင်နဲ့ ပိုင်းသွားတဲ့အခါ
အရှူံးကို ရင်မဆိုင်ရဲ
တယောက်တည်း ကြေကွဲ
ရင်ကွဲကျန်ခဲ့ရတယ်။

ကောက်ရိုးတမျှင်စာတောင်
ဖေးကူပေးမဲ့သူမရှိ
ပို့ခဲ့ဖူးတဲ့ message တွေဖတ်ပြီး
အတိတ်ကို လွမ်းခဲ့ရတယ်။

အလွမ်းဆိုတာ မသိခဲ့တဲ့ ငါ့ကို
အလွမ်းအကြောင်း နားလည်အောင်
လက်တွေ့သင်ပေးခဲ့တာလား ?
အချစ်ခံခဲ့ရတဲ့ ငါ့ကို
အချစ်ငတ်သူတွေရဲ့အကြောင်း သိတတ်အောင်
နင် သင်ပေးခဲ့တာလား ?
အောက်မကျို့တတ်တဲ့ ငါ့ကို
အစွယ်ကျိုးအောင်
ချိုးခဲ့တာလား ?
အထီးမကျန်ဖူးတဲ့ ငါ့ကို
တယောက်တည်းနေဖူးအောင်
ညွှန်ပြပေးခဲ့တာလား ?
မျက်ရည်ကို အလွဲသုံးစားလုပ်တတ်တဲ့ ငါ့ကို
နေရာတကျ အသုံးချတတ်အောင်
သင်ပေးခဲ့တာလား ?
နင်ရက်စက်ခဲ့လို့
ငါ ကြေကွဲကျန်ခဲ့ရတာကို သိရရင်
နင်တကယ်ပျော်မှာလား ?
နင်နဲ့ ပတ်သတ်သမျှ
တခုပြီးတခု စဉ်းစားပြီး
မိနစ်တိုင်း ကြေကွဲနေရတယ်ဆိုရင်
နင်ကျေနပ်ပြီလား ?

No comments:

Post a Comment

အသိပေးစာ

Website အပြောင်းလဲ လုပ်နေပါသည်

uuuuuuuuuuuu

Blogger Tips and TricksLatest Tips For BloggersBlogger Tricks