Tuesday, November 26, 2013

အလွယ်ကူဆုံး ပို့စ်ခေါက်နည်း ၊ Read More ထည့်နည်း


မိမိ Blog ပင်မစာမျက်နှာ Loading မြန်စေဖို့နဲ့ သေသပ်လှပဖို့အတွက် ပို့စ်တွေ တင်တဲ့အခါ အရမ်းရှည်နေရင် အပေါ် ၃ ပုံ ၁ ပုံလောက်ကနေ ခေါက်တင်သင့်ပါတယ်။ နည်းပညာပို့စ်တွေဆိုရင်   ပုံတွေ အများကြီးနဲ့ ရှင်းပြရတာ။တစ်ခါတစ်လေ Video ဖိုင်တွေ ၊ SWF ဖိုင်တွေတောင် ပါသေးတယ်။ ပို့စ်တစ်ပုဒ်လုံးကို ဒီအတိုင်းတင်လိုက်တဲ့အခါ ပင်မစာမျက်နှာမှာ ပို့စ် ၅ ပုဒ်လောက်ပဲ တင်ထားရင်တောင် ပုံတွေ ၊ Flash ဖိုင်တွေ အားလုံးပေါ်ဖို့ အကြာကြီးကို Loading ဖတ်နေမှာပါ။ လိုင်းမကောင်းတဲ့လူတွေသာ ကိုယ့်ဆိုဒ်ကို ရောက်လာခဲ့ရင် စိတ်ပျက်ပြီး ပြန်လှည့်သွားမယ်။ တစ်ချို့ အဲဒါတွေသိပေမယ့် ပို့စ်မခေါက်တတ်လို့ ဒီအတိုင်း တင်နေကြတာလည်း ရှိပါတယ်။ ခုတော့ ကျနော် သုံးတဲ့ နည်းလေးက
အလွယ်ကူဆုံး ပို့စ်ခေါက်နည်း ၊ Read More ထည့်နည်းလေး ပြောပြပေးပါမယ်။
အရမ်းကို လွယ်ပါတယ်။


ပထမဦးဆုံး ပို့စ်ကို ပြီးအောင် အရင်ရေးလိုက်ပါ။ ပြီးရင် ကိုယ်ခေါက်ချင်တဲ့နေရာလေးကို မောက်တစ်ချက်ထောက်ပြီး

အောက်က ပုံထဲမှာ အောက်ကပုံ ကျနော် ဝိုင်းပြထားတာလေးကို နှိပ်ပါ။
Jump icon in the toolbar
အဲဒါဆို အောက်ကပုံလို မျဉ်းကြောင်း တစ်ကြောင်း ပေါ်လာပါလိမ့်မယ်။


ပို့စ်ကို Publish လုပ်ပြီးရင် ပင်မစာမျက်နှာမှာ သွားကြည့်လိုက်ပါ။ ခုန မျဉ်းအထိပဲ ပေါ်ပြီးတော့ သူ့ အောက်မှာ Read More ဆိုပြီး ရှိနေမှာပါ။ ပို့စ်ကို အပြည့်အစုံဖတ်ချင်တယ်ဆိုရင် အဲဒီ Read More ကို နှိပ်လိုက်ရုံပါပဲ။

အဲဒီ Read More ကို တစ်ခြားစာပြောင်းရေးချင်တယ်ဆိုရင် Design >> Layout ကို သွားပြီးတော့
Blog Posts ရဲ့ ညာဘက်အောက်က Edit ကို နှိပ်ပြီး ပြင်ရေးနိုင်ပါတယ်။ ဥပမာ အပြည့်အစုံ ဖတ်ရန် ၊ ဆက်ဖတ်ရန် စသည်ဖြင့်ပေါ့။


 
ကျနော်သုံးနေတဲ့  နည်းလေးကို ဒီဆိုက်မှ မျှဝေပေးတာပါ။

အားလုံးအဆင်ပြေပါစေ

No comments:

Post a Comment

အသိပေးစာ

Website အပြောင်းလဲ လုပ်နေပါသည်

uuuuuuuuuuuu

Blogger Tips and TricksLatest Tips For BloggersBlogger Tricks