ကျွန်တော် ငပေါတွေနဲ့ ပျော်နေတယ် အမေ
=======================
သို့
အမေ
နေကောင်းပါလေရဲ့လား
အွန်လှိုင်း ကနေ စာလွှာပါးလိုက်ပါတယ် အမေ။
ဟုတ်တယ်အမေ။
အခုကျွန်တော်နေတာ ဖေ့ဘွတ်ရွာမှာ
အိမ်နံပါတ်တော့ မရှိပါဘူး။ korantaw လို့သာ စာရိုက်ရှာ
ရုပ်ရှင်မင်းသားပုံပေါ်လာရင် အဲဒါကျွန်တော်ပါ အမေ။ စိတ်မပူနဲ့နော်အမေ အခုတော့ ကျွန်တော် ပျော်နေပါပြီ ဖေ့ဘွတ် ဖန်ရှင်တွေ အကုန်မတတ်ပေမယ့်
လူမှုဆက်ဆံရေးကို ကောင်းကောင်းတက်တော့ ဘ၀က ပျော်စရာ သက်သက်ဖြစ်နေပါပြီ။
အမေသင်ခဲ့သလို တစ်ရွာ တစ်ကျီ မဆောက်ဖြစ်ပေမယ့်
တစ်နေ့ တစ်ယောက်နှုန်းနဲ့ မိတ်ဆွေကောင်းတွေ မှန်မှန်ရောက် လာတတ်ပါတယ်။
ဆက်သွယ်ဖို့ကလဲ လွယ်တာကိုးအမေရဲ့။
အမေရေ တကယ်အံ့သြစရာပါပဲ။ ဖေ့ဘွတ်ဆိုတာကြီးမှာ
တစ်ယောက်ကိုတစ်ယောက် နှစ်သက်ကြောင်း ပြဖို့အတွက်
LIKE ခလုပ်လေး နှိပ်တက်ဖို့ပဲ လိုပါတယ်။ အစက်ကလေး နှစ်စက်နဲ့ အကွေးကလေး တစ်ကွေး
အဲဒါ အပြုံးပေးတယ်လို့ ခေါ်တယ် အမေရဲ့ ။ကျွန်တော် ပျော်တဲ့အခါ သုံးတတ်တယ်အမေ။
အစက်ကလေး နှစ်စက်နဲ့ အကွေးကလေးပြောင်းပြန်ဟာ အဲဒါ ၀မ်းနည်းတာတဲ့အမေ။
လူသေတဲ့ စစ်ပွဲ သတင်းတွေနဲ့ ချစ်သူနဲ့ စိတ်ကောက်တဲ့အခါ ကျွန်တော် မကြာမကြာသုံးဖြစ်ပါတယ်။
တစ်ယောက်ကို တစ်ယောက်ပြောင်ချင်တဲ့အခါ အစက်ကလေးနှစ်စက်နဲ့ P ပါအမေ.
အရုပ်ကလေး လျှာထုတ်နေသလိုပေါ့။
အမေရေ
19နှစ် အမေ့သား. အခု ဖေ့ဘွတ်မှာ စကားမပီတော့ဘူးဆိုရင် မရယ်နဲ့နော်။
တေဂျင်းဇိုး.. မတာတဲ့ ..နာရိုးမတား.. ရီးပဲ…တဲ့ သူငယ်ချင်းတွေအားလုံး .. အဲဒီ အသုံးအနှုန်းနဲ့ ဆဲကြတယ် သူငယ်ပြန်တယ် ဆိုပါတော့ အမေရယ်။ ရန်မဖြစ်ပါဘူးအမေရဲ့
တစ်ယောက်နဲ့ တစ်ယောက် ကျီစားတာ စိတ်ထဲမှာ မေတ္တာနဲ့မို့ တစ်ချို့ဆို သားဆဲတာကို ပြန် Like ကြသေးသတဲ့ ..ချစ်စရာပါအမေ။ စိတ်ချပါအမေ လူလိမ္မာသား ယဉ်ပါး အမေ့ သိက္ခာတရားကို မထိပါးစေရပါဘူး။ ဒေါသထွက်ရင်တရားနဲ့ဖြေ ဖေ့ဘွတ်က လူမိုက်တွေကြားမှာလဲ ကျွန်တော်
မနေဘူးအမေ။ ကိုယ့်ဘာသာ Group ထောင် လူပြောင်လူနောက်တွေ တစ်လှေကြီးနဲ့
ပျော်စရာ ခရီး ဆက်နေပါတယ်အမေ။ ရောက်ရာအရပ်က စိတ်ချ တမလွန်မှာ ဖေ့ဘွတ်ရှိရင်
အမေ့သားကို Add ထားလိုက်ပါ အမေ။ ။
(သယ်ရင်းများ အတွက်)





No comments:
Post a Comment