Wednesday, March 26, 2014

ပုံပြောကောင်းသော ချစ်သူ


 
ငါ တစ်ယောက်ထဲ ထားရမှာ စိတ်မချဘူးတဲ့လား ချစ်သူရယ် ..
ငါ့ အနားမှာ အရိပ်လို ရှိချင်တယ်တဲ့လား ...
လိုအပ်ချိန်တိုင်း သတိရပါ.. ငါ အပြေးရောက်ခဲ့မယ်တဲ့လား..
ငါက လွဲပြီး ဘယ်သူ့ကိုမှ မကြည်ဖြူနိုင်ဘူး..
ငါ မုန်းရင်တောင် ငါ့အမုန်းကိုပန်းတစ်ပွင့်လို မြတ်နိုးမယ် ဆိုတဲ့ သူရယ်. ..

ငါ ခု တမ်းတနေမိတယ် ..
ငါ မျှော်လင့်နေတယ် ..
ငါ တမ်းတနေတယ် ..
ငါတို့ အတူသွားနေကျ လမ်းလေးမှာ ငါ တစ်ယောက်ထဲရှိတယ် ..
ငါတို့ထိုင်နေကျ ခုံတန်းလေးမှာ ငါ တစ်ယောက်ထဲ ကျန်ခဲ့တယ် ..

ငါ့ အနားမှာ နင့်ကို လိုအပ်နေပေမယ့်
အခြားသူ ရင်ခွင်ပြောင်း
တစ်နေရာသို့ နင် ရွေ့ခဲ့ပြီနော် ..
မချစ်တတ်သူ ငါ့ရင်ခွင်မှာ အချစ်ကို ခံစားတတ်လာချိန်
အထီးကျန်ခြင်းနဲ့ မိတ်ဆက်စေခဲ့တယ် ..

ဘာပဲဖြစ်ဖြစ် ငါ နားလည်ပါတယ်လေ ..
နင်ပျော်မယ်ဆို ငါ အရာရာပေးဆပ်ရဲတယ်ဆိုတာ
နင်မသိခဲ့ယုံက လွဲရင်ပေါ့ ...

No comments:

Post a Comment

အသိပေးစာ

Website အပြောင်းလဲ လုပ်နေပါသည်

uuuuuuuuuuuu

Blogger Tips and TricksLatest Tips For BloggersBlogger Tricks