CyberLink PowerDirector Video Editting Effect (Video တည်းဖြတ် ဖို့ Effect အလန်းများ 32000 ကျော် စိတ်ကြိုက် ဒေါင်းနိုင်ဖိုအတွက်)
CyberLink PowerDirector ကိုမသုံးတတ်သေးဘူးဆိုရင် ဒီလင့်မှာ အသုံးပြုနည်းစာအုပ်ကို ဒေါင်းလိုက်ပါ။ အားလုံးဒေါင်းပြီးလို့ လေ့လာတော့မယ် ဆိုရင် Effect လေးပါ တွဲပြီး တည်းဖြတ်ကြည့်ပါ။ တကယ်လန်းတဲ့ ဗီဒီယို တခုဖြစ်လာပါမယ်။ အရင်ဆုံး Efftct ဒေါင်းဖို့ ဒီလင့်မှာ ၀င်ဒေါင်းလိုက်ပါ။ ညာဘက် အပေါ်မှာ အကောင့် ၀င်ဖို့ ရှိပါတယ်။ Facebook အကောင့်နဲ့ဝင်လို့ရပါတယ်။
အကောင့်ဝင်ပြီး တာနဲ့ ကိုယ်ကြိုက် တဲ့ Effect ကို ရွေးပြီးဒေါင်းနိုင်ပါပြီ။ Effect ဒေါင်းပြီးရင် အရင်ဆုံး Effect ကို Install မလုပ်ခင် CyberLink PowerDirector ကိုအရင် Install ထားရပါမယ်။ ပြီးရင်ဒေါင်းထားတဲ့ Effect ကို စတင် Install တော့မယ် ဆိုရင် အောက်က ပုံကိုကြည့်လိုက်ပါ။
ကို Install မဲ့ ဖိုင်ကိုညာကလစ် ပြီးရင် အပေါ်ဆုံးက DZT ကို ကလစ်ပါ။ ပြီးရင် ဘောက်တခုတတ်လာရင် OK သာပေးလိုက်ပါ။ အဲလိုပဲ ဒေါင်းထားတဲ့ Effect အားလုံးကို Install ပြီးရင် CyberLink PowerDirector ကို ဖွင့်ကြည့်လိုက်ပါ။ အောက်ကပုံလို Effect တွေ အများကြီးနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။
ကဲ သူငယ်ရင်းတို့ ဒီလောက်ဆို Effect တွေ ယူတတ်ကြလောက်မယ်ထင်ပါတယ်နော်။ ဆော့ဝဲရော တည်းဖြတ်နည်းပါ Effect တွေပါ ဒီပိုစ် တခုတည်း ပေါင်းတင်ပေးလိုက်ပြီနော်။ လေ့လာဖို့က သူငယ်ချင်း တို့ အပိုင်းပဲ ကျန်တော့တယ်။ ကျွမ်းကျင်ဖို့ကတော့ လုပ်ရင်းနဲ့ ဖြစ်သွားမှာပါ။ မေးလာကြတဲ့ သူငယ်ချင်းတွေရော အခြား ၀ါဒနာပါတဲ့ သူငယ်ချင်းတွေရော အဆင်ပြေအောင် ဆိုဒ်ပေါ်တင်လိုက်တာပါ။
ကိုညာဏ်မွန် ဆိုက်မှ မျှဝေသည်။








No comments:
Post a Comment