Wednesday, September 3, 2014

စာလုံးပေါင်းမှန်ဖို့

လက်ခုပ်သံတွေရိုးရဲ့လား
ဓာတ်ခွဲစမ်းသပ်ကြည့်ဖို့လိုပြီ။
တစ်ရုတ်နဲ့ကုလား
ရုပ်သေးပညာတတ်သွားတာ မသိလိုက်ဘူး။

ခေါင်းဆောင်တွေ ပုခုံးမှာတော့
ကြိုးတွေဖောက်သီလို့...
သစ်ပင်တွေခုတ်တယ်။
မိန်းကလေးတွေဝယ်တယ်။
အရုပ်နဲလဲတယ်။
သံနဲ့လဲတယ်။
ကြောင်နှစ်ကောင်လုနေတဲ့ ငါးကြော်ကို
ဆွဲဖို့ချောင်းနေတဲ့
ကြွက်တွေကိုကြည့်ရင်း
မြန်မာပြည်မြေပုံကို အလွတ်ဆွဲမိတယ်။
တကယ်အကျိုးလိုရင်
စာသင်ကျောင်းတွေမှာ ပညာအစစ်တွေ
ရှိဖို့လိုတယ်။
ကလေးတိုင်းကျောင်းရောက်ဖို့
မိဘတွေဝင်ငွေလောက်ဖို့လိုတယ်။
ချက်မထိုးချင်ပါဘူး။
ဘုရင်ကိုကာကွယ်ရင်းနဲ့ပဲ
ပွန်းလေးတွေသေကုန်လိမ့်မယ်။
ချိန်ခွင်လျှာက စိုက်ကျနေပြီ။
အခုထက်ထိမပြည့်သေးဘူးလို့ပြောတုန်း
ဘယ်မင်းတက်တက် ပြည်သူက
အလေးခိုးခံရတာချည်းပဲ။
ဒုတိယနာဂစ် မကြုံချင်ဘူး။
ဒုတိယ၈၈ မကြုံချင်ဘူး။
ဒုတိယ ကြက်စူပင် မစိုက်ချင်ဘူး။
အများကြီးမလိုပါဘူး။
လက်ရေးလှတစ်အုပ်ရယ်
ခဲတံတစ်ချောင်းရယ်
ခေါင်းဆောင်ကိုယ်တိုင်ရေးပြမယ့်
"ပြည်သူ့အတွက်"ဆိုတဲ့ စကားလုံး
စာလုံးပေါင်းမှန်/မမှန်သိချင်ယုံပါပဲ။

No comments:

Post a Comment

အသိပေးစာ

Website အပြောင်းလဲ လုပ်နေပါသည်

uuuuuuuuuuuu

Blogger Tips and TricksLatest Tips For BloggersBlogger Tricks