Monday, August 5, 2013

ချစ်သူလက်ဆောင်

ဝေးတစ်နေရာ တစ်ကမ္ဘာက ချစ်သူရေ""
အတ္တတွေ တောင်ပုံရာပုံ မာနတွေ စောင်လိုခြုံ ""
 ဒေါသပန်းတွေတဝေေ၀နဲ့ အမုန်းမြို့တော်""
 သောကလမ်းမှာ ခဏရောက်သခိုက် မေတ္တာမျှဝေ ချစ်သူလက်ဆောင်"" ရင်တွင်းဆောင်ကာ ဘေးဘယာတွေဝေးပါစေ""
 သောကမုန်တိုင်းကင်းပါစေ အတ္တပန်းတွေ တဝေေ၀နဲ့ ချစ်သူမျိုးလည်းဝေးပါစေ""
 လောဘပန်းတွေ တဝေေ၀နဲ့ ချစ်သူမျိုးလည်းဝေးပါစေ""
 မာနပန်းတွေ တဝေေ၀နဲ့ ချစ်သူမျိုးလည်းဝေးပါစေ ""
 ဒေါသပန်းတွေ ပန်ဆင်ထားပြီး စိတ်ကောက်ကွေးတဲ့ ချစ်သူမျိုးလည်းဝေးပါစေ""
 ဝေးတစ်နေရာ တစ်ကမ္ဘာကချစ်သူရေ"""
 ချိုသာသည့်စကားချစ်သူနားမှာ စိမ့်စမ်းရေလိုအေးမြစေအောင် ""
 ချစ်ခွန်းသီကာ ကြင်နာမျှဝေ လေပြေနဲ့အတူ ချစ်သူထံပါးရောက်ပါစေ ""
 နေခြည်နဲ့အတူ ချစ်သူထံပါးရောက်ပါစေ မိုးစက်လေးလို ချစ်သူထံပါးရောက်ပါစေ""
 နှင်းမှုန်နဲ့အတူ ချစ်သူထံပါးရောက်ပါစေ""
 အေးမြမေတ္တာ အကြင်နာတွေ ချစ်သူရင်ခွင်နှလုံးသားထဲ သက်ကာဆင်းစေ""
 အေးမြမေတ္တာ စေတနာတွေ ချစ်သူရင်ခွင် နှလုံးသားထဲ"" သက်ကာဆင်းစေ ဖြူစင်မေတ္တာ ရွှေကြာပန်းလိုလန်းပါစေ""
 မေတ္တာရေအေး ချစ်သူထံပါးသက်ကာဆင်းစေ""
 စိတ် နှလုံးသား အေးမြကြည်လင်ရှိပါစေ""
 အနမ်းတစ်လှေ အလွမ်းကုဋေ ဒီကမ္ဘာမြေထု တိုင်တည်သစ္စာ""
 ချစ်သူလက်ဆောင်ပို့လွှတ်နေ ကို လွမ်းနေရပြီ ချစ်သူရေ""

No comments:

Post a Comment

အသိပေးစာ

Website အပြောင်းလဲ လုပ်နေပါသည်

uuuuuuuuuuuu

Blogger Tips and TricksLatest Tips For BloggersBlogger Tricks