Monday, August 5, 2013

အလွမ်းည

ချစ်သူရေ...
    မျှော်လင့်ချက်တွေကို  အဆုံးသက်
   အလင်းတန်တွေ ရုတ်တ်သိမ်းအောင်
  တစိမ်းဆန်တဲ့  မင်းမျက်လုံးတွေက
   မကြင်နာတတ်တဲ့လူ
  နေခဲ့ပါတော့လို့ပြောနေတာလားဟင်
ချစ်သူ~~~
  စဉ်စားနော်
  မကြင်နာလိုပြေး
  ဆယ်ကမ္ဘာဝေးရင်
  နေသာပါတယ်
  ဒါပေမဲ့ချစ်သူ
  အကြင်နာတွေပေးလို့
  ရင်မှာကျန်ရစ်နေခဲရင်
  ခံစားတတ်တဲ့နှလုံးသားက
  အပိုမပါတဲ့ ချစ်ခြင်းတစ်စုံ..
မပြောဖြစ်တဲ့ ရင်တွင်းစကား..
ခံစားချက် အားလုံးနဲ့အတူ
ဒီတစ်ညလည်း " အလွမ်းည " ဖြစ်သွားရပြန်ပြီ ချစ်သူ..

No comments:

Post a Comment

အသိပေးစာ

Website အပြောင်းလဲ လုပ်နေပါသည်

uuuuuuuuuuuu

Blogger Tips and TricksLatest Tips For BloggersBlogger Tricks