၁။နိုင်ငံရေးနှင့်ပတ်သတ်သောစာများ လုံးဝရေးသားခြင်းခွင့်မပြုရ ၊နှိင်ငံရေးနှင့်ပတ် သတ်သော ဓါတ်ပုံများ၊ရုပ် ပြောင်ကာ တွန်းများ၊ဆွေးနွေးချက်များနှင့် စည်းရုံးလှုံဆော်မှုများတင်ခွင့် မပြုပါ။
၂။သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ကြမ်းတမ်းသော စကားများ၊ ဆဲဆိုသော စာများ ကို ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြုပါ။
၃။ဆိုဒ်အတွင်းတွင်မြန်မာ့ယဉ်ကျေးမှုနှင့်မကိုက်ညီသော ပုံများ တင်ခြင်း လုံးဝခွင့်မပြုပါ။
၎။ဆိုဒ်အတွင်းတင်လိုက်သောစာများ(ရေးထားသောစာများ)သည်အခြားသောဘလော့မှကူးယူလာပါက ကူးလာသော ဘလော့ အမည်နှင့် ရေးသားသူအမည်ကို ဖော်ပြပေးပါ။
၅။မိမိရေးသားသော ပိုစ့်များထဲတွင်ဘာသာရေးနှင့်ပတ်သက်သော ပုတ်ခတ်ရေးသားမှု မျိုးလုံးဝ မပြုရပါ။
၆။ဆိုဒ်အတွင်း COMMENT များတွင်နိုင်ငံရေးနှင့်ပတ်သတ်သော အရေးအသားမျိုး၊ရုပ်ပြောင် များ ၊ ဓါတ်ပုံများမပေးရပါ။
၇။ ဆိုဒ်အတွင်း အများအသုံးပြုသော
ချက်ဘောက်တွင်မိုက်ရိုင်းစွာပြောဆိုခြင်းကို မပြု လုပ်ရ။
မပြောရပါ။မိုက်ရိုင်းစွာပြောဆိုသူများကို လုံးဝခွင့်ပြုမည် မဟုတ်ပါ။
၁။
ဆိုဒ်တွင် ဘာမှ အဓိပ္ပာယ်မရှိသော စာတစ်ကြောင်းထဲရှိသော ပို့စ်များ နှင့်
ဘာသာရေး၊ပုဂ္ဂိုလ်ရေး၊ အသင်းအဖွဲ့ကိုစော်ကားသောစာများခွင့်ပြုမည်
မဟုတ်။(မိမိတင်သောပိုစ့် ၏ပြသနာများကို မိမိတာဝန်ယူရမည်ဖြစ်သည်)
၂။ဆိုဒ်တွင်းတွင် အလင်းစာ(ဘလောလ့်) တစ်ခုမတင်မီအရင်တင်ထားသောဘလောလ့်များတွင် (မူလစာမျက်နှာတွင်) မိမိတင်လိုသောအလင်းစာနှင့်တူသော ဘလော့လ် စာ ရှိမရှိ သေချာစွာ ကြည့်ပြီးမှ တင်ပါ။
၃။အခြားဆိုဒ်မှ ကူးလာသော(သို့) တစ်နေရာမှရလာသော ဘလော့လ်များဖြစ်ပါက မည်သည့်
ဆိုဒ်မှကူးယူ လာသည် ကို သေချာရှင်းလင်းစွာဖော်ပြပေးပါ။
၎။Tag(အကြောင်းအရာ)ဆိုသည့်နေရာ ၌ ၀တ္ထု ၊ ကဗျာ ၊ ဆောင်းပါး ၊ ရသ ၊သုတ၊ ဟာသ၊ကာ တွန်း၊ နည်းပညာ ၊ ဗေဒင် ၊ အခြား စသည့် ထည့်ပေးပါရန်။
၅။ အလင်းစာ(post)အတည်ပြုတော့မည်ဆိုပါက ခေါင်းစဉ်တပ်ပါ၊ခေါင်းစဉ်မပါသော ပိုစ့်များကို ပယ်ဖျက်သွားမည်။
၆။ယခုနောက်ပိုင်းတွင် အလင်းကမ္ဘာ ဆိုဒ်တွင်းတွင် အခြားဆိုဒ်မှ copy ကူးယူလာသော အလင်း စာများ နှင့် အခြားဆိုဒ် မျှဝေထားဖူးသောပို့ စ်များ အတင်များလာပြီး နောက်လမှစ၍ တင် လာ သောပို့ စ်များကို (Admin)အက်မင်များမှ စီစစ်ပြီးလက်ခံသွားမည်။
၇။ဆိုဒ်အတွင်းတွင် မန်ဘာတစ်ဦးကိုတနေ့ လျင် ပို့ စ် ၅ ခု သာအများဆုံးတင်ခွင့်ပြုသည်။ ကိုယ်တိုင်ရေး စာများကို ဦးစားပေး တင်ခွင့်ပြုပါမည်။
မဖတ်ရသေးသောအသင်းသူသားအတွက်ပြန်လည်မျှဝေပေးလိုက်တာပါ..
အဖွဲ့ တည်ထောင်သူများအတွက်
၁။ မိမိတည်ထောင်ထားသောအလင်းအဖွဲ့ ကို မိမိဘာသာတာဝန်ယူစိစစ်ပေးရ မည်။
၂။ ရည်ရွယ်ချက်မရှိသော အလင်းအဖွဲ့များကို Admin များမှ ခွင့်ပြုပေးမည်မဟုတ် ပါ။
၃။ ကိုယ့်တည်ထောင်သော အဖွဲ့ဖြစ်စေ တခြားသော နေရာတွင်ဖြစ်စေ အမြင်မတော် သည်များကို တွေ့မြင်ခဲ့ပါက Admin အဒမင် များသို့  အသိပေးနိုင် ပါသည်။
၎။ရည်ရွယ်ချက်ကို ပီပြင်စွာအကောင်ထည်ဖေါ်နိုင်မှသာလျင် အဖွဲ့ကိုတည်ထောင်ရန် နှင့် တည်ထောင်ထားသော မိမိ အလင်းအဖွဲ့၏ အဆိုး အကောင်းများသည် မိမိတာဝန် တာဖြစ် သည်။
၅။အဖွဲ့ အစည်း၏ ရည်ရွယ်ချက်ပီပီပြင်ပြင်မရှိသော အဖွဲ့ များကိုခွင့်မပြုပါ။
(ဖွဲ့ ထားပြီးသားအဖွဲ့ များကိုလဲ ပြန်လည်စိစစ်သွားပြီး ဘာမှ လှုပ်ဆောင်မှုမရှိသော အဖွဲများ၊ ဖွဲ့စည်းထားပြီး လပေါင်းများကြာပြီး မင်ဘာ၁၅ ယောက်ထက် မကျော်ပါက ထိုအဖွဲကို
အက်မင်များ ညှိနိုင်ပြီးဖျက်သိမ်းသွားမည်။)
၁။ ညစ်ညမ်းရုပ်ရှင်များတင်ခွင့်ပြုမည် မဟုတ်။
၂။နိုင်ငံရေးနှင့်ဆိုင်သောရုပ်ရှင်များကိုတင်ခွင့်ပြုမည် မဟုတ်။
၃။အရင်တင်ထားပြီးသားရှိသော ရုပ်ရှင်များကို မတင်ရပါ။
၁။အများအတွက် အကျိုးရှိနိုင်တဲ့ ခေါင်းစဉ်မျိုးကို စဉ်းစားပြီးတင်ပါ။
၂။ ကိုယ်စတင်ခဲ့သော ဆွေးနွေးချက်ကို ကိုယ့်ဘာသာကိုယ် မကြာမကြာပြန်ပြန်
စစ်ဆေးပါ။
၃။ဝင်ရောက်ဆွေးနွေးသူများကလည်း အပြုသဘောဆောင်ပြီး မိမိသဘောထားကို သိမ်မွေ့ နှုးညံ့စွာဆွေးနွေးပေးကြပါ။
Creater နှင့် Admin များ
အက်မင်များအတွက်လည်းစည်းကမ်းချက်များ
သတ်မှတ်ထားပါသည် ။
Admin များသည်
Admin များသည်
1. အသင်းသားများ ၏ ကိုယ်ရေး အချက်လက်များအား ကြည့်ခွင့်မရှိ ။
2. ကာယကံရှင်အသင်းသား များမသိပဲ email ကို Add ခွင့် မရှိ ။
3. အရာ အားလုံး ဆုံးဖြတ်ရန် အကောင်းဆုံးသောစိတ်ဓတ် ထားရှိရမည် ။
4. Admin များက ကမ္ဘာသူ/သား များစွာ ရှေ့တွင် ရပ်တည်နိုင်ရန် အတွက် နေထိုင်မှု့ ပုံစံသည် အဖြူစင်ဆုံးနှင့် အကောင်းဆုံးဖြစ်အောင်နေထိုင်ရမည်။
5. အသင်းသားများကို ထုတ်ပယ်မမှု့ မပြုမီ ဖြူစင်သော စေတနာ စိတ်ဖြင့် လက်တွဲခေါ်ရမည် ။ မိမိ ပုဂိုလ်ရေး ကြောင့် ထုတ်ပယ်ခွင့် လုံးဝ မရှိ ရပါ။
အရာတိုင်းကို မိသားစု စိတ်ဓတ်ဖြင့် ဆုံးဖြတ်နိုင်ရန်လိုအပ်သည် ။
အထက်ပါ စည်းကမ်း များမှ အဖွဲ့သားများ အတွက် စည်ကမ်း များရော
Admin များ စည်းကမ်း ချက်များ 2 ခုလုံးကို
ကျွန်တော်ကိုယ်တိုင် လိုက်နာပါမည် ။





No comments:
Post a Comment