ခံစားချက်တွေ မျိုသိပ်ရင်း၊ မလွမ်းသင့်တော့ဘူးလို့နှလုံးသားကို အကြိမ်ကြိမ် သတိပေးလဲ
တမ်းတတဲ့ အချိန်တိုင်း သတိရနေမိတာပါပဲ ချစ်သူ....
ဆုံဆည်းချိန်ကို လက်ချိုးရေတွက် စောင့်ဆိုင်းနေသူအဖို့
တွေ့ဆုံချိန်တွေ မျှော်လင့်တသသနဲ့ ပျော်မြူးနေလျက်
ဒါပေမဲ့ မင်းဆီက ကြားလိုက်ရတဲ့ စကားတွေဟာ
မျှော်လင့်ချက်တွေ ရိုက်ချိုး အိမ်မက်တွေ သေဆုံး
ငါ့ဘဝ အမှောင်ပိတ်ကားချလိုက်သလိုပါပဲ ချစ်သူ......
သေရာပါမဲ့ ဒဏ်ရာတွေကို မင်းထားရစ်ခဲ့လဲ
နှလုံးသားက တောင့်တနေဆဲပါပဲ
အမုန်းမဖက် အပြုံးမပျက်ပဲ မင်းပြန်လာချိန်ထိ
ငါ့အချစ်တွေနဲ့ စောင့်ဆိုင်းနေဆဲပါ ချစ်သူ.....





No comments:
Post a Comment