Tuesday, November 12, 2013

မမ ကြောင့်ရူးနေရသော ချာတိတ်( အချစ်ဆိုတာဘာမှန်းမသိသေတဲ့ ကောင်လေး)

မမ...

ဘာမှ ကို မထူးဆန်းပါဘူး ချာတိတ်လေး တစ်ယောက်အတွက် အချစ်ဆိုတာ ...

မင်းလို မမ တစ်ယောက် ကို ကျွှန်တော့်လို ချာတိတ်က ချစ်တယ် လို့  ရင်ဖွင့်ခဲ့တာ

မမ အတွက် တန်ဖိုးမရှိတဲ့ ဟာသသံစဉ် ဆိုတာ သိပါတယ် .....။




ဘာမှ မထူးဆန်းပါဘူး


မမ ပြောစကားတွေ အောက်မှာ သာယာပြီး

ကြာလာလေ သံယောဇဉ်

တွယ်လာတဲ့ ချာတိတ်လေး ကျွှန်တော့် ကို

ကွယ်ရာမှာ ဟားတိုက်နေမယ်ဆိုတာ သိပါတယ် .....။


ဟုတ်တယ် မချစ်ဖူးလို့  အချစ်ရူးတယ်

ဒါပေမယ့် ချာတိတ်တစ်ယောက်အတွက် အချစ်ဆိုတာ

ဘ၀ ဟုတ်သလို အချစ်ဆိုတာ အလကားဖြစ်နိုင်တယ်

မလှည့်စားလိုက်ပါနဲ့  ကျွှန်တော့် အချစ်တွေကို သေရာပါ

နိုင်မယ့် အမုန်းတွေ မယူသွားချင်သူမို့ ပါ .......။


ကျွှန်တော် လို့ ချာတိတ်တွေက ချစ်ရင်ချစ်တယ် ရင်ဖွင့်တယ်

အဲ့အချစ်ကလည်း ဖြူစင် တယ် ရိုးသားတယ် အချစ်ကို

ယစ်မူးတယ် အရမ်းတန်ဖိုးထားတယ် ဒါတွေက စိတ်ကစား

မှု မဟုတ်ဘူးဆိုတာ မမ ကိုအရမ်းချစ်တာပဲ ဆိုတာက

သက်သေပြတာပါပဲ .......။


ကျွှန်တော် သိသင့်ပါတယ် မမ ကို မချစ်သင့်ဘူးလို့ 

ဒါပေမယ့် အချစ်ဆိုတာလဲ အရမ်းခက်တယ် အရမ်းနှက်တယ်

နှလုံးသားကို အခြေခံပြီး နှလုံးသားက ဆုံးဖြတ် ရတာပါ

မမ မချစ်နိုင်ရင် ပြောခဲ့ပါ ဟော့ဒီ ချာတိတ်လေး ရူးသွပ်

နေတာကို စာနာပေးလှည့်ပါ မမ ရယ် ........။


ငယ်သေးတဲ့ အချစ်မို့  မလေးစားဘူးဆိုတာ သိပေမယ့်

ချစ်နေတော့လည်း ဆက်ချစ်ဖို့ သာ အတွေးတွေထဲမှာ

ပြည့်နှက်နေတယ် မမ ရယ် .......။


မင်း တစ်ယောက် သိပါစေ......

No comments:

Post a Comment

အသိပေးစာ

Website အပြောင်းလဲ လုပ်နေပါသည်

uuuuuuuuuuuu

Blogger Tips and TricksLatest Tips For BloggersBlogger Tricks