***************
အပျော်သဘော နဲ့  မလှည့်စားပါနဲ့ 
နှလုံးသားလေး က အမှန်ထင်ပြီး
မမေ့နိုင်သူမို့ ပါ .....။
မင်းဝင်လာမယ်ဆို မတားပါဘူး ခဏတာ ဆိုရင်တော့
အမှတ်တမဲ့ သတိပေးပါ
ကြိုတင်ပြီး ကာကွယ်ထားလို့  ရအောင်ပေါ့ .....။
အမုန်းတွေ ရှိနေမယ်ဆိုရင် အစတည်းက
အချစ်တွေ မြင်ယောင်မပြပါနဲ့  ချစ်ပြီးမှ
လမ်းမခွဲ ချင် သူမို့ ပါ ......။
စကားတွေပြောပါ များလာလို့  သံယောဇဉ်
တွယ်မိတာပါ သံယောဇဉ် လေးတွေ များများ
လာတော့ အချစ်ဘက်သို့ ကူးပြောင်းခါနီးမှ
လက်ပြခံခဲ့ရတယ် ဆိုရင် ဘာနဲ့ အစား
ထိုးရမလဲ မသိသူမို့ ပါ .......။
အချစ်ကို အချစ်နဲ့  သာ ဖြေရှင်းပါရစေ
အချစ်ရဲ့  နောက်ကွယ်က အမုန်းတရားတွေ ကို
ငါ့အလိုမ၇ှိလို့ 
သေချာတယ်ဆို ရင်ဖွင့်ပါရစေ
မင်း ကို အရမ်းချစ်တယ်..............။
သက်ဆိုင်သူ သို့  ......






No comments:
Post a Comment