Tuesday, November 12, 2013

ငါ မြတ်နိုးဆုံးသူ

နင့်ထက်ပိုကောင်းတဲ့လူ
ငါမတွေ့နိုင်တော့တာ မဟုတ်ဘူး
ငါ့အနားမှာ နင်ရှိနေပြီမို့
နင့်ထက်ကောင်းတဲ့လူနဲ့ ငါမဆုံချင်တော့လို့ပါ....
ငါရင်မခုန်တတ်တော့တာ မဟုတ်ဘူး
ငါ့အနားမှာ နင်ရှိနေပြီမို့
တခြားလူအပေါ် ငါရင်ခုန်စရာမလိုတော့လို့ပါ...
တခြားလူကို ငါမချစ်တတ်မိတော့တာ မဟုတ်ဘူး
ငါ့အနားမှာ နင်ရှိနေပြီမို့
နင့်ကိုငါ ပိုတန်ဖိုးထားမြတ်နိုးတတ်ခဲ့လို့ပါ...
အတူနေရဖို့ဆိုတာ မလွယ်လှပါဘူး
နင်ဟာ အကောင်းဆုံးမဟုတ်ချင်နေ
နင်ဟာ ငါနဲ့မလိုက်ဖက်ချင်နေ
ဒါပေမယ့် နင်ဟာ ငါရဲ့အမြတ်နိုးဆုံးပါ...

No comments:

Post a Comment

အသိပေးစာ

Website အပြောင်းလဲ လုပ်နေပါသည်

uuuuuuuuuuuu

Blogger Tips and TricksLatest Tips For BloggersBlogger Tricks