တွေမှာ့ထည့်ပီးသုံးချင်လို့ ဖြတ်ထုပ်တယ် ဒါပေမဲ့ ဆံပင်နေရာတွေမှာအကုန်ပါမလာဘူး၊လိုက်ပြင်ရင်းနဲ့တုံးတိတိ တွေ ဖြစ်ကုန်တော့
ဘော်ဒါတွေက“ဆံပင်လဲညှပ်တတ်တယ်လား”တဲ့၊ပုံရဲ့ဆံပင်နေရာကအထာမကျဖြစ်နေတာကိုမြင်လို့လှောင်တာ… ဘယ်လိုပြန်ပြောရမှန်းမသိဖြစ်သွားတယ်….။ခုမှပဲလုပ်နည်းလေးတွေ့လို့ပြန်share ပေးလိုက်ပါတယ်ဗျာ.. အရင်ဆုံး ကိုယ် ဖြတ်ယူချင်တဲ့ပုံကို Photoshop မှာ ဖွင့်လိုက်ပါ.. Menu->Filter->Extract (or) Alt+Ctrl+X ကိုနှိပ်လိုက်ရင် အောက်ပါပုံအတိုင်း Extract Box
ပေါ်လာပါမယ်..
No.1 က Tool Box ဖြစ်ပြီး No.2 က Tool Option Box ဖြစ်ပါတယ်…

အနီရောင်ကွင်းပြထားတဲ့ Highlighter ဆိုတဲ့ Tool ကိုယူပါ….Tool size ကို တော့
Tool Option Box ထဲက Brush size မှာ ချိန်ပါ….Zoom in /Zoom out ကိုတော့ (Ctrl)+ (+) နဲ့ (Ctrl)+(-)
လေးတွေနှိပ်ပြီး ချုံနိုင်ချဲ့နိုင်ပါတယ်..ထို့နောက် Highlighter Tool ဖြင့် အောက်ပါ အတိုင်း
ဆံပင်အနားစပ်ကလေးတွေကို လိုက်ခြယ်ရပါမယ်.. brush size မကြီးမသေးဖြင့်
စိတ်ရှည်လက်ရှည် လိုက်လုပ်နိုင်ရင်ပိုကောင်းပါတယ်… Brush တင်လိုက်ပြီဆိုရင် အစိမ်းရောင် Highlight
တွေနဲ့ပေါ်လာပါလိမ့်မယ်..တခု သတိထားရမှာကတော့ Documents ရဲ့ အဆုံးမှတ်တွေထိ ဆွဲပေးရပါမယ်..
ဒါမှသာ ကိုယ်လိုချင်တဲ့ အပိုင်းနဲ့ မလိုချင်တဲ့ အပိုင်း ကွဲပြားစေနိုင်မှာဖြစ်ပါတယ်…သိသာအောင်
အနီရောင်လေးထောင့်ကွင်းနှစ်ခု ပြပေးထားပါတယ်.. အောက်ကပုံကိုကြည့်ပါ..

OK မပေးပါနဲ့ဦး…..နောက်တဆင့်ကတော့ Tool Box ထဲက Fill Tool ကိုယူပြီး ကိုယ်ယူမဲ့အပိုင်းဘက်မှာ
ကလစ်တချက် သတ်မှတ်ပေးပါ…ဒါဆိုရင်တော့ အပြာရောင် Highlight နဲ့ အုပ်ပြပေးပါလိမ့်မယ်…အောက်ကပုံကိုကြည့်ပါ

စိတ်တိုင်းကျပြီဆိုပါက Extract Box ရဲ့ Ok ကိုနှိပ်နိုင်ပါပြီ..ဒါဆိုရင် ရ ရှိလာမဲ့ Result Image ကတော့
အောက်ပါအတိုင်း Background Transparent နဲ့ဖြစ်ပါတယ်..
အခြား Selection များကို ဆက်လက်သုံးစွဲပြီး ကျန်တဲ့အပိုင်းတွေကို ဖြတ်ယူလို့ရပါပြီ…





No comments:
Post a Comment