နပိုလီယံက ကြွေးကြော်ခဲ့တယ်
သူ့အဘိဓာန်ထဲမှာ
မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးတဲ့
ငါလည်းကြွေကြော်ဖူးတယ်
ငါ့အဘိဓာန်ထဲမှာ
နောင်တဆိုတာမရှိဘူး
ဒီလိုနဲ့
ငါ့ဘ၀မှာ နာကျင်ခြင်းတပွေ့တပိုက်ကြီးရလာတယ်လေ...
နယူတန်ကဆိုတယ်
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိတယ်
ဒီလိုပါပဲ
မနေ့က ငါလုပ်ခဲ့တဲ့လုပ်ရပ်တိုင်း
ဒီနေ့ငါ့ကို ရောင်ပြန်ဟပ်တယ်
မနက်ဖြန်အတွက်လည်း
ဒီနေ့လုပ်ထားတာတွေ အကျိုးသက်ရောက်မှုရှိမယ်...
ဒါဝင်က ဖော်ထုတ်ခဲ့တယ်
လူဆိုတာ မျောက်ကဆင်းသက်လာတာတဲ့
ငါလည်းဒါဝင်ကိုပြောပြချင်တယ်
ဘ၀ကိုအလေးအနက်မထားရင်
လူဆိုတာ မျောက်ပြန်ဖြစ်သွားနိုင်တယ်လို့...
Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts
Wednesday, September 3, 2014
စာလုံးပေါင်းမှန်ဖို့
လက်ခုပ်သံတွေရိုးရဲ့လား
ဓာတ်ခွဲစမ်းသပ်ကြည့်ဖို့လိုပြီ။
တစ်ရုတ်နဲ့ကုလားဓာတ်ခွဲစမ်းသပ်ကြည့်ဖို့လိုပြီ။
ရုပ်သေးပညာတတ်သွားတာ မသိလိုက်ဘူး။
ခေါင်းဆောင်တွေ ပုခုံးမှာတော့
ကြိုးတွေဖောက်သီလို့...
သစ်ပင်တွေခုတ်တယ်။
မိန်းကလေးတွေဝယ်တယ်။
အရုပ်နဲလဲတယ်။
သံနဲ့လဲတယ်။
ကြောင်နှစ်ကောင်လုနေတဲ့ ငါးကြော်ကို
ဆွဲဖို့ချောင်းနေတဲ့
ကြွက်တွေကိုကြည့်ရင်း
မြန်မာပြည်မြေပုံကို အလွတ်ဆွဲမိတယ်။
တကယ်အကျိုးလိုရင်
စာသင်ကျောင်းတွေမှာ ပညာအစစ်တွေ
ရှိဖို့လိုတယ်။
ကလေးတိုင်းကျောင်းရောက်ဖို့
မိဘတွေဝင်ငွေလောက်ဖို့လိုတယ်။
ချက်မထိုးချင်ပါဘူး။
ဘုရင်ကိုကာကွယ်ရင်းနဲ့ပဲ
ပွန်းလေးတွေသေကုန်လိမ့်မယ်။
ချိန်ခွင်လျှာက စိုက်ကျနေပြီ။
အခုထက်ထိမပြည့်သေးဘူးလို့ပြောတုန်း
ဘယ်မင်းတက်တက် ပြည်သူက
အလေးခိုးခံရတာချည်းပဲ။
ဒုတိယနာဂစ် မကြုံချင်ဘူး။
ဒုတိယ၈၈ မကြုံချင်ဘူး။
ဒုတိယ ကြက်စူပင် မစိုက်ချင်ဘူး။
အများကြီးမလိုပါဘူး။
လက်ရေးလှတစ်အုပ်ရယ်
ခဲတံတစ်ချောင်းရယ်
ခေါင်းဆောင်ကိုယ်တိုင်ရေးပြမယ့်
"ပြည်သူ့အတွက်"ဆိုတဲ့ စကားလုံး
စာလုံးပေါင်းမှန်/မမှန်သိချင်ယုံပါပဲ။
Wednesday, June 18, 2014
အချစ် ရဲ့ အဓိပ္ပာယ်
LOVE ရဲ့ တကယ့်အဓိပ္ပာယ်က
L = Listen (နားထောင်တယ်)
O = Oblige (ကျေးဇူးပြုတယ်)
V = Value (တန်ဖိုးထား/လေးစားတယ်)
E = Excuse (ခွင့်လွှတ်တယ်)
တစ်သက်တာ
လက်တွဲသွားနိုင်မယ့် အချစ်တစ်ခုကိုလိုချင်ရင် အချင်းချင်းရဲ့စကားကို
နားထောင်တတ်၊ အချင်းချင်း ကျေးဇူးပြုတတ်၊ အချင်းချင်း တန်ဖိုးထားလေးစားတတ်၊
အချင်းချင်း ခွင့်လွှတ်တတ်ဖို့ သင်ယူရမယ်။
Wednesday, March 26, 2014
ပုံပြောကောင်းသော ချစ်သူ
ငါ တစ်ယောက်ထဲ ထားရမှာ စိတ်မချဘူးတဲ့လား ချစ်သူရယ် ..
ငါ့ အနားမှာ အရိပ်လို ရှိချင်တယ်တဲ့လား ...
လိုအပ်ချိန်တိုင်း သတိရပါ.. ငါ အပြေးရောက်ခဲ့မယ်တဲ့လား..
ငါက လွဲပြီး ဘယ်သူ့ကိုမှ မကြည်ဖြူနိုင်ဘူး..
ငါ မုန်းရင်တောင် ငါ့အမုန်းကိုပန်းတစ်ပွင့်လို မြတ်နိုးမယ် ဆိုတဲ့ သူရယ်. ..
ငါ ခု တမ်းတနေမိတယ် ..
ငါ မျှော်လင့်နေတယ် ..
ငါ တမ်းတနေတယ် ..
ငါတို့ အတူသွားနေကျ လမ်းလေးမှာ ငါ တစ်ယောက်ထဲရှိတယ် ..
ငါတို့ထိုင်နေကျ ခုံတန်းလေးမှာ ငါ တစ်ယောက်ထဲ ကျန်ခဲ့တယ် ..
ငါ့ အနားမှာ နင့်ကို လိုအပ်နေပေမယ့်
အခြားသူ ရင်ခွင်ပြောင်း
တစ်နေရာသို့ နင် ရွေ့ခဲ့ပြီနော် ..
မချစ်တတ်သူ ငါ့ရင်ခွင်မှာ အချစ်ကို ခံစားတတ်လာချိန်
အထီးကျန်ခြင်းနဲ့ မိတ်ဆက်စေခဲ့တယ် ..
ဘာပဲဖြစ်ဖြစ် ငါ နားလည်ပါတယ်လေ ..
နင်ပျော်မယ်ဆို ငါ အရာရာပေးဆပ်ရဲတယ်ဆိုတာ
နင်မသိခဲ့ယုံက လွဲရင်ပေါ့ ...
Thursday, February 6, 2014
နင်သာရှိရင်
အချစ်ကြီးသူက အရှုံးကြီးပဲလား
ဒါဆိုရင်လည်း ရပါတယ်
နင်နဲ့ပါတ်သက်ရင် အဲ့ဒီအရှုံးကို
ငါကျေနပ်တယ်
လွမ်းဆွတ်ခြင်းက နာကျင်စေတဲ့လား
ဒါဆိုရင်လည်း ရပါတယ်
နင်နဲ့ပါတ်သက်ရင် အဲ့ဒီနာကျင်ခြင်းကို
ငါသဘောကျတယ်
မျှော်လင့်မိရင် ကြေကွဲစေတဲ့လား
ဒါဆိုရင်လည်း ရပါတယ်
နင်နဲ့ပါတ်သက်ရင် အဲ့ဒီကြေကွဲခြင်းကို
ငါနှစ်သက်တယ်
ဘယ်လောက်ပဲရှုံးပါစေ
ဘယ်လောက်ပဲနာကျင်ပါစေ
ဘယ်လောက်ပဲကြေကွဲပါစေ
နင်သာအနားရှိနေရင် အရာရာ
ပြည့်စုံပါတယ်... ဟာ။
ဒါဆိုရင်လည်း ရပါတယ်
နင်နဲ့ပါတ်သက်ရင် အဲ့ဒီအရှုံးကို
ငါကျေနပ်တယ်
လွမ်းဆွတ်ခြင်းက နာကျင်စေတဲ့လား
ဒါဆိုရင်လည်း ရပါတယ်
နင်နဲ့ပါတ်သက်ရင် အဲ့ဒီနာကျင်ခြင်းကို
ငါသဘောကျတယ်
မျှော်လင့်မိရင် ကြေကွဲစေတဲ့လား
ဒါဆိုရင်လည်း ရပါတယ်
နင်နဲ့ပါတ်သက်ရင် အဲ့ဒီကြေကွဲခြင်းကို
ငါနှစ်သက်တယ်
ဘယ်လောက်ပဲရှုံးပါစေ
ဘယ်လောက်ပဲနာကျင်ပါစေ
ဘယ်လောက်ပဲကြေကွဲပါစေ
နင်သာအနားရှိနေရင် အရာရာ
ပြည့်စုံပါတယ်... ဟာ။
ရူးရူးမူမူး အချစ်
ငါက မလှပါဘူး ချောလည်းမချောပါဘူး
ချမ်းသာတဲ့လူတစ်ယောက်လည်း မဟုတ်ပါဘူး
မာယာတွေလည်း ငါမလုပ်ပြတတ်ပါဘူး
ဆွဲဆောင်မူလည်း ငါ့မှာမရှိပါဘူး
ချွဲနွဲ့ ပြီးလည်းမပြောတတ်ပါဘူး
ဒါပေမယ့် မင်း တစ်ယောက်တည်းကိုပဲ
ရူးရူးမူးမူး ချစ်နေတဲ့ ချစ်စိတ်ကလေးတော့ ရှိပါတယ်
Tuesday, November 12, 2013
ချစ်သူရှိသူတိုင်ဖတ်ဖို့
ချစ်သူ
ချစ်ခြင်းမှာမာနဆိုတာ
မရှိသင့်တဲ့အရာပါဟာ
စိတ်ကောက်တယ်ဆိုတာ
အချော့ခံချင်လို့ပါ
ဒါပေမယ့် ချစ်သူ
ဒါတွေမင်းမသိတာတော့
အချစ်ဆုံး
ဝေးနေတုန်းကလည်း ဝေးလို့မို့ ချစ်နေမိတာပဲ...
နီးစပ်နေတုန်းလည်း နီးစပ်နေလို့ ချစ်နေမိတာပဲ...
ရာသီ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း၊
နေရာတွေ ဘယ်လိုပဲ ဝေးဝေး၊
မင်းကတော့ ငါ့ရဲ့ အချစ်ဆုံးပါ ချစ်သူ...
နွေနေ့ခင်း ပူပြင်းလည်း မင်းကို ငါ သတိရတယ်၊
မိုးဖွဲလေးတွေ ရွာသွန်းလည်း မင်းကို ငါ သတိရတယ်၊
ဆောင်းနှင်းတွေ ကျဆင်းလည်း မင်းကို ငါ သတိရတယ် ချစ်သူ...
အိပ်ရာထ၊ အိပ်ရာဝင်တိုင်း မင်းမျက်နှာကို မြင်ယောင်နေမိတယ်၊
အောက်နှုတ်ခမ်းနဲ့ အပေါ်နှုတ်ခမ်းထိတိုင်း ငါမင်းကို လွမ်းနေမိတယ်၊
အချစ်ဆုံး...အချစ်ဆုံး...သူများတွေ ပြောတိုင်း ငါရယ်နေမိတယ်၊
အရူးတွေလို့ ထင်နေခဲ့မိတယ်၊ ငါ မင်းကို ချစ်မိတော့မှ
အရူးဆိုတဲ့ ဂုဏ်ပုဒ်ကို ငါ ကျေကျေနပ်နပ် ခံယူခဲ့တယ် ချစ်သူ....
နီးစပ်နေတုန်းလည်း နီးစပ်နေလို့ ချစ်နေမိတာပဲ...
ရာသီ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း၊
နေရာတွေ ဘယ်လိုပဲ ဝေးဝေး၊
မင်းကတော့ ငါ့ရဲ့ အချစ်ဆုံးပါ ချစ်သူ...
နွေနေ့ခင်း ပူပြင်းလည်း မင်းကို ငါ သတိရတယ်၊
မိုးဖွဲလေးတွေ ရွာသွန်းလည်း မင်းကို ငါ သတိရတယ်၊
ဆောင်းနှင်းတွေ ကျဆင်းလည်း မင်းကို ငါ သတိရတယ် ချစ်သူ...
အိပ်ရာထ၊ အိပ်ရာဝင်တိုင်း မင်းမျက်နှာကို မြင်ယောင်နေမိတယ်၊
အောက်နှုတ်ခမ်းနဲ့ အပေါ်နှုတ်ခမ်းထိတိုင်း ငါမင်းကို လွမ်းနေမိတယ်၊
အချစ်ဆုံး...အချစ်ဆုံး...သူများတွေ ပြောတိုင်း ငါရယ်နေမိတယ်၊
အရူးတွေလို့ ထင်နေခဲ့မိတယ်၊ ငါ မင်းကို ချစ်မိတော့မှ
အရူးဆိုတဲ့ ဂုဏ်ပုဒ်ကို ငါ ကျေကျေနပ်နပ် ခံယူခဲ့တယ် ချစ်သူ....
မ .....သို့  ..
ပိုသွားမလား မသိဘူး ...
ြေေေ .ပြောပြချင်လိုက်တာ .......
မနက် အိပ်ယာထ မျက်စိနစ်လုံးပွင့်လာတည်းက
.မြင်ချင်နေတာ မမ ပါ.......
.မောင့် ရင်ထဲမှာ
ချစ်တယ်
သိပ်ချစ်တယ်လို့ ...အခါခါပြောခဲ့တဲ့စကား
နင့်နားမှာ...ရိုးသွားမလားလို့ စိုးထင်မိတယ်
နင့်ကိုချစ်ခဲ့တာ...
မင်းကိုချစ်တယ်
မဆန်းပြားပေမယ့်
ရိုးရှင်းတယ်
"ချစ်တယ်"။
နှုတ်ဖျားက ထွက်ပေမယ့်
ရင်နှင့်ရင်းတယ်
"ချစ်တယ်"။
မတွေးမိပေမယ့်
အမြဲ စိုးမိုးတယ်
"ချစ်တယ်"။
မေ့ပျောက်ထားပေမယ့်
ရင်ထဲရောက်လာတယ်
"ချစ်တယ်"။
မတွေ့ရပေမယ့်
တမ်းတမိနေတယ်
"ချစ်တယ်"။
တခဏတာ ဆုံပေမယ့်
တဘ၀စာ ရည်စူးတယ်
"ချစ်တယ်"။
'ဟုတ်တယ်ဟုတ်...
....မင်းကို သိပ်ချစ်တယ်"...
ပျော်ပါစေ
မချစ်ခဲ့တာ မဟုတ်ဘူး
မချစ်တတ်တာပါ။
ဂရုမစိုက်တာ မဟုတ်ဘူး
နားလည်ပေးခဲ့တာပါ။
သ၀န်မတိုခဲ့တာ မဟုတ်ဘူး
ငြိုငြင်မှာ စိုးခဲ့တာပါ။
အလေးမထားတာ မဟုတ်ဘူး
မြိုသိပ်ခဲ့တာပါ။
အဆင်သင့်
အလွမ်းနေ့ရက်တွေ ရှည်ကြာလွန်းခဲ့တာ
အတော်ကြာခဲ့ပြီ…. တစ်နေ့နေ့ တစ်မြေ့မြေ့နဲ့ လောင်ကျွမ်းခဲ့တဲ့ အလွမ်း
မီးတွေ မင်းနဲ့တွေ့မှ စ ခဲ့တာ မင်းသိပါစေ။… ချစ်တယ်လို့ ငါ့ပါးစပ်က
မထွက်တစ်ထွက်ပြောခဲ့တုန်းက နင် စိတ်တွေ လှုပ်ရှားနေခဲ့တာ ငါ့အတွက် ယနေ့ ထိ မရပ်တန့်နိုင်တဲ့ ရင်ခုန်သံ တေးတစ်ပုဒ်ပါဘဲ့………
မြတ်နိုးမှု တစ်စုံတစ်ရာ
မင်းအတွက် အဆင့်သင့်
နှလုံးသားလေး ကတစ်ဆင့်
ဆက်ကမ်း ပေးပါရစေ
ချစ်သူ….
မတတ်တစ်ခေါက်ပညာလေးနဲ့ ကဗျာတွေ ရေးရတာ မင်းကိုလွမ်းတဲ့စိတ်ကြောင့်လို့ သူသိစေချင်တယ်။
အတိတ်က ကြည်နူးခဲ့တာ
အနာဂတ်အဖြစ် ဖန်ဆင်မပေးနိုင်ဘူးလား
ခိုးကြည့်ခဲ့ဖူးခဲ့တဲ့ မျက်ဝန်းလေး
အိမ်မက်ထဲမှာဘဲ့ မနေပါနဲ့
အလွမ်းတွေ ဖြေဖျောက်ပေးဖို့
အဆင်သင့်ဖြစ်သင့်နေပြီ ။
မြတ်နိုးမှု တစ်စုံတစ်ရာ
မင်းအတွက် အဆင့်သင့်
နှလုံးသားလေး ကတစ်ဆင့်
ဆက်ကမ်း ပေးပါရစေ
ချစ်သူ….
မတတ်တစ်ခေါက်ပညာလေးနဲ့ ကဗျာတွေ ရေးရတာ မင်းကိုလွမ်းတဲ့စိတ်ကြောင့်လို့ သူသိစေချင်တယ်။
အတိတ်က ကြည်နူးခဲ့တာ
အနာဂတ်အဖြစ် ဖန်ဆင်မပေးနိုင်ဘူးလား
ခိုးကြည့်ခဲ့ဖူးခဲ့တဲ့ မျက်ဝန်းလေး
အိမ်မက်ထဲမှာဘဲ့ မနေပါနဲ့
အလွမ်းတွေ ဖြေဖျောက်ပေးဖို့
အဆင်သင့်ဖြစ်သင့်နေပြီ ။
နောင်တနှင့်ဘဝ
ယုံကြည်မှု့  နဲ့  ကိုးကွယ်ခဲ့မိ တဲ့  အချစ်က
အလွဲလွဲ အချော်ချော် နဲ့ 
သ၀န်တို ခြင်း ကို
ယုံကြည်ခြင်း ကင်းမဲ့ တဲ့  သံသယ ရောပြီး
စွဲချက် အမျိုးမျိုး တင်
ရာဇ၀တ်သား ကို ကားစင်ပေါ် ကြိုးတုတ်
တောင်စွယ်နေမကွယ်ခင် သတ်ကုန်း အပို့ ခံရသလိုပါပဲ
ဟို တစ်နေ့ က ပေါ့
ငါ့ နှလုံးသား ကို
အချစ်သတ်ကွင်း အပို့ ခံရဖူးတယ်
ရိုးရာ မကိုးကွယ် တဲ့  နှလုံးသား ကိုမှ
ခိုကိုးရာမဲ့ ဖြစ်အောင် နင် လုပ်ပြစ်ရက်တာ
ရက်စက်တယ်လို့  ငါ မဆိုလို တော့ပါဘူး
ကြိုးစားပြီး မေ့ပစ် ဖို့ ထက်
လတ်လတ်ဆတ်ဆတ် နာ နေတဲ့ 
ဒီ အသဲ...ဆက် ချစ် ချင်သေးလား
တစိပ်စိပ် နဲ့  ငါ ငုပ် မေး နေသေးတယ်
စွဲလမ်းမိတဲ့  နင့် အပြုံး
ယူကြုံး မရ ဖြစ်တော့မှ
အဆိပ့် သင့် ခဲ့ပြီး ငါ သိခဲ့ရတာ
နောင်တ နဲ့  ငါ့ ဘ၀ နောက်ကျခဲ့ပြီး
အလွဲလွဲ အချော်ချော် နဲ့ 
သ၀န်တို ခြင်း ကို
ယုံကြည်ခြင်း ကင်းမဲ့ တဲ့  သံသယ ရောပြီး
စွဲချက် အမျိုးမျိုး တင်
ရာဇ၀တ်သား ကို ကားစင်ပေါ် ကြိုးတုတ်
တောင်စွယ်နေမကွယ်ခင် သတ်ကုန်း အပို့ ခံရသလိုပါပဲ
ဟို တစ်နေ့ က ပေါ့
ငါ့ နှလုံးသား ကို
အချစ်သတ်ကွင်း အပို့ ခံရဖူးတယ်
ရိုးရာ မကိုးကွယ် တဲ့  နှလုံးသား ကိုမှ
ခိုကိုးရာမဲ့ ဖြစ်အောင် နင် လုပ်ပြစ်ရက်တာ
ရက်စက်တယ်လို့  ငါ မဆိုလို တော့ပါဘူး
ကြိုးစားပြီး မေ့ပစ် ဖို့ ထက်
လတ်လတ်ဆတ်ဆတ် နာ နေတဲ့ 
ဒီ အသဲ...ဆက် ချစ် ချင်သေးလား
တစိပ်စိပ် နဲ့  ငါ ငုပ် မေး နေသေးတယ်
စွဲလမ်းမိတဲ့  နင့် အပြုံး
ယူကြုံး မရ ဖြစ်တော့မှ
အဆိပ့် သင့် ခဲ့ပြီး ငါ သိခဲ့ရတာ
နောင်တ နဲ့  ငါ့ ဘ၀ နောက်ကျခဲ့ပြီး
အလွမ်းခါးခါး
အလွမ်း ကို အလွမ်း နဲ့  စားရင်
အလွမ်းပဲ ကြွင်း နေတာ
ဒီအလွမ်း နဲ့  မပတ်သက်ချင်တော့ဘူး
သံယောဇဉ် ဆိုတာ မမြင်နိုင်ပေမယ့်
အမှောင်ည နဲ့  ကြယ်တွေ အိပ်ချိန် မှာ
ချစ်သူ ရေ ..................
နွေးထွေး တဲ့  နင့် ရင်ခွင် ထဲ ကနေ
တိုးခွေ့  ပြီး နင့် ကို ချစ်တဲ့ အကြောင်း
တိုးတိုးလေး ဖွင့်ပြောပြချင်တာ.............
လွန်ဆန် မရတဲ့  အလွမ်း ည တွေ အတွက်
ပြန်ဆုံမယ့် တစ်နေ့  မျက်နှာချင်ဆိုင် ထိုင်ပြီး
အတိုးချ လို့  စကားတွေ ပြိုင်ပြောကြမယ် နော်.....
နင့် အလွမ်း ငါ့ တမ်းတခြင်းတွေ ဘယ်သူ နိုင်မလဲ ပေါ့
ခုတော့ လည်း အချစ်နတ်တွေ ရဲ့ 
ဒဏ်ခတ် ခံ နေရတဲ့  ကို နှစ်ယောက်ဘဝ
အံကျိတ်လို့ ပဲ အလွမ်းခါးခါး ကို ခဏလောက် ခံစားလိုက်ကြမယ်နော်
အလွမ်းပဲ ကြွင်း နေတာ
ဒီအလွမ်း နဲ့  မပတ်သက်ချင်တော့ဘူး
သံယောဇဉ် ဆိုတာ မမြင်နိုင်ပေမယ့်
အမှောင်ည နဲ့  ကြယ်တွေ အိပ်ချိန် မှာ
ချစ်သူ ရေ ..................
နွေးထွေး တဲ့  နင့် ရင်ခွင် ထဲ ကနေ
တိုးခွေ့  ပြီး နင့် ကို ချစ်တဲ့ အကြောင်း
တိုးတိုးလေး ဖွင့်ပြောပြချင်တာ.............
လွန်ဆန် မရတဲ့  အလွမ်း ည တွေ အတွက်
ပြန်ဆုံမယ့် တစ်နေ့  မျက်နှာချင်ဆိုင် ထိုင်ပြီး
အတိုးချ လို့  စကားတွေ ပြိုင်ပြောကြမယ် နော်.....
နင့် အလွမ်း ငါ့ တမ်းတခြင်းတွေ ဘယ်သူ နိုင်မလဲ ပေါ့
ခုတော့ လည်း အချစ်နတ်တွေ ရဲ့ 
ဒဏ်ခတ် ခံ နေရတဲ့  ကို နှစ်ယောက်ဘဝ
အံကျိတ်လို့ ပဲ အလွမ်းခါးခါး ကို ခဏလောက် ခံစားလိုက်ကြမယ်နော်
မျှော်လင့်နေမယ်
မင်း ကို သတိရတဲ့ အကြောင်းတွေ
စာရွှက်ပေါ်မှာ ငါ့ ချရေးထားတယ် ..
မင်းကို လွမ်းတဲ့ အကြောင်းတွေ
ငါ့ ကဗျာ တစ်ပုဒ်
ငါလိုမင်းမဖြစ်ပါစေနှင့်
ယုံကြည်ပြီးမှ အလိမ်ခံရတာ
သံယောဇဉ်ဖြစ်ပြီးမှ အေးစက်သွားတာ
အရမ်းချစ်ပြီးမှ ပြောင်းလဲခြင်းကိုလက်ခံလိုက်ရတာ
ပိုင်ဆိုင်ပြီးမှ အပြီးအပိုင်စွန့်လွှတ်ခဲ့ရတာ
~~~~~~~~
ခံစားရသမျှတွေထဲမှာ အနာကျင်ဆုံးပဲမလား ?
တချို့လူတွေဟာ သင့်ကိုတမင်နာကျင်စေဖို့များရည်ရွယ်ပြီး
ကြံစည်ခဲ့လေသလား ထင်ရလောက်အောင်
သိပ်ကို စနစ်တကျရှိလွန်းခဲ့တယ်
သံယောဇဉ်ဖြစ်ပြီးမှ အေးစက်သွားတာ
အရမ်းချစ်ပြီးမှ ပြောင်းလဲခြင်းကိုလက်ခံလိုက်ရတာ
ပိုင်ဆိုင်ပြီးမှ အပြီးအပိုင်စွန့်လွှတ်ခဲ့ရတာ
~~~~~~~~
ခံစားရသမျှတွေထဲမှာ အနာကျင်ဆုံးပဲမလား ?
တချို့လူတွေဟာ သင့်ကိုတမင်နာကျင်စေဖို့များရည်ရွယ်ပြီး
ကြံစည်ခဲ့လေသလား ထင်ရလောက်အောင်
သိပ်ကို စနစ်တကျရှိလွန်းခဲ့တယ်
ရယ်လိုက်မယ်
အချစ်ဆိုတာ ကူးပြောင်းဖို့  လွယ်ကူတယ်
ထင်နေတာလား .......
ကူးပြောင်းဖို့  လွယ်ကူရအောင် အချစ်ဆိုတာ
ရွေးချယ်မှု့ 
ငါ့ ရင်တွေ နာကျင်နေပါစေ...
ငါ့ လက်တွေ တုန်ရီနေပါစေ.....
ငါ့ စကားတွေ စွံအ နေပါစေ........
ငါ့ ကဗျာတွေ ကာရန်မညီပါစေ................
ငါ့ အတွက် လေဟာပြင်ထဲက အရာဝတ္ထုတစ်ခုကို
လိုက်ဖမ်းနေရသလိုပဲ............မရေရာမသေချာ တော့ဘူး..
မင်းကြိုက်သလို ဆုံးဖြတ်ပါ...မင်းလျောက်မယ့်လမ်း
မင်းကမယ့် ဇာတ်အတွက် ငါ့ အဆင့်သင့်ပြင်ထားလိုက်ပါပီ
..မင်းရွှေးချယ်မှု မှန်ကန်ပါစေ...
ငါ့ လက်တွေ တုန်ရီနေပါစေ.....
ငါ့ စကားတွေ စွံအ နေပါစေ........
ငါ့ ကဗျာတွေ ကာရန်မညီပါစေ................
ငါ့ အတွက် လေဟာပြင်ထဲက အရာဝတ္ထုတစ်ခုကို
လိုက်ဖမ်းနေရသလိုပဲ............မရေရာမသေချာ တော့ဘူး..
မင်းကြိုက်သလို ဆုံးဖြတ်ပါ...မင်းလျောက်မယ့်လမ်း
မင်းကမယ့် ဇာတ်အတွက် ငါ့ အဆင့်သင့်ပြင်ထားလိုက်ပါပီ
..မင်းရွှေးချယ်မှု မှန်ကန်ပါစေ...
မမ ကြောင့်ရူးနေရသော ချာတိတ်( အချစ်ဆိုတာဘာမှန်းမသိသေတဲ့ ကောင်လေး)
မမ...
ဘာမှ ကို မထူးဆန်းပါဘူး ချာတိတ်လေး တစ်ယောက်အတွက် အချစ်ဆိုတာ ...
မင်းလို မမ တစ်ယောက် ကို ကျွှန်တော့်လို ချာတိတ်က ချစ်တယ် လို့  ရင်ဖွင့်ခဲ့တာ
မမ အတွက် တန်ဖိုးမရှိတဲ့ ဟာသသံစဉ် ဆိုတာ သိပါတယ် .....။
ဘာမှ ကို မထူးဆန်းပါဘူး ချာတိတ်လေး တစ်ယောက်အတွက် အချစ်ဆိုတာ ...
မင်းလို မမ တစ်ယောက် ကို ကျွှန်တော့်လို ချာတိတ်က ချစ်တယ် လို့  ရင်ဖွင့်ခဲ့တာ
မမ အတွက် တန်ဖိုးမရှိတဲ့ ဟာသသံစဉ် ဆိုတာ သိပါတယ် .....။
Subscribe to:
Posts (Atom)
အသိပေးစာ
Website အပြောင်းလဲ လုပ်နေပါသည်







