Showing posts with label photoshop နည်းပညာများ. Show all posts
Showing posts with label photoshop နည်းပညာများ. Show all posts

Wednesday, September 3, 2014

Adobe Photoshop CS6 Portable


Adobe Photoshop CS6 Portable လေးပါ ... Portable ဆိုတော့ Run စရာမလိုပဲ ကိုယ်လိုတဲ့ အချိန်မှ သာ ထုတ်သုံးရတဲ့ အတွက် အဆင်ပိုပြေပါတယ် .. ပြီးတော့ ဆိုဒ်အနေနဲ့ ကတော့ အရင်က 400 ကျော် 500 mb လောက် ဒေါင်းရတာကို အခု 100 mb ကျော်ကျော်လောက်ကလေးနဲ့ အသာလေး ဒေါင်းပြီး တော့ သုံးရုံပါပဲ ... 32 Bit နဲ့ 64 Bit အတွက် နှစ်မျိုးလုံးကို တင်ပေးထားလိုက်ပါတယ်...

Wednesday, June 18, 2014

ဒါလေးကတော့ တချို့ဘလော့မိတ်ဆွေမှာလဲသူတို့တင်တာမြင်ဖူးပါတယ်၊၊ တူမလာတော့မသိဘူးတူရင်လည်းတူမှာပေါ့နော် မိမိရဲ့Postအောက်မှာ
ထိုးမြဲလက်မှတ်ထည့်တဲ့နည်းလေးပါ။

အောက်မှာစမယ်နော်
၁။ဒီနေရာ MyLiveSignature သို့မဟုတ် onlinesignaturepad သွားပါ၊

၂။ရလာတဲ့ Image URLကို Copyယူလိုက်ပါ၊

၃။မိမိရဲ့blogger account ထဲပြန်ဝင်မယ်၊

၎။ Layout >> Edit Html >>> Expand Widget Templates

အောက်ကCodeကိုရှာပါ

<p><data:post.body/></p>

တွေ့ပြီဆိုရင်အောက်မှာ အောက်ကCodeကိုကပ်ရပ်စွာထားပေးလိုက်ပါ။

<p><div align="left"><img src="ဤနေရာမှာImage URLထည့်လိုက်ပါ"/></div></p>

၅။Save Template button.နိုပ်ပါ ပြီးပါပြီ။။။

Wednesday, March 26, 2014

သရဲးလေး လုပ်ကြည့်ရအောင်

ဒီနည်းလေးကအရမ်းရိုးရှင်းပါတယ်
အရင်ဆုံး File ထဲကနေကိုယ်ကြိုက်တဲ့ပုံကို ဖွင့်လိုက်ပါ
ပြီးရင်  background ကို ညာကလစ်ပေးလိုက်ပြီး
 Duplicate Layer ကို ကလစ်ပေးလိုက်ပါ



ဘေါက်လေးတစ်ခုပေါ်လာတာနဲ့ ok ပေးလိုက်ပါ


Thursday, March 13, 2014

Photoshop နဲ့ Photo Background ပြောင်းနည်းနှင့် ပုံအရိပ် ဖြစ်အောင်လုပ်နည်း


ပုံမှာပြထားတဲ့ လိုမျိုး လုပ်တတ်ချင်တဲ့ သူငယ်ချင်းတွေ အတွက် တင်ပေးလိုက်တာပါ။

Tuesday, February 11, 2014

Photoshop ဖြင့်ဓါတ်ပုံများကို အရိပ်ထွက်အောင် ဖန်တီးနည်း

Photoshop ဖြင့်ဓါတ်ပုံများကို အရိပ်ထွက်အောင် ဖန်တီးခြင်း

ကျနော် Photoshop လေ့ကျင့်ခန်းလေးတွေ မတင်ပေးဖြစ်တာ ကြာသွားပါပြီ.. ဆော့ဝဲလ်တွေပဲ အများဆုံး တင်ပေးဖြစ်နေတာ.. ဒီနေ့တော့ Photoshop လေ့ကျင့်ခန်းလေးတွေ မျှော်လင့်နေတဲ့ သူငယ်ချင်းများအတွက် လေ့လာလို့ အဆင်ပြေမယ့်.. လွယ်ကူ၊ ရှင်းလင်းမယ့် နည်းလမ်းလေးကို စဉ်းစားရင်း.. ကျနော်တို့ Photoshop စသင်ခါစက အရင်ဆုံး စစချင်းထဲမှာပါတဲ့ ဒီပုံရိပ်ထင်အောင် လုပ်နည်းလေးကို လေ့ကျင့်ခန်းတခု အနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ဒီနည်းလေးနဲ့ မိမိတို့ရဲ့ ပုံလေးတွေကို ပုံရိပ်လေးတွေထင်အောင် အလွယ်တကူ ဖန်တီးယူလို့ ရမှာ ဖြစ်ပါတယ်..။ စာတွေအများကြီး ရေးမနေတော့ပါဘူး.. အောက်ကပုံလေးတွေ အတိုင်းသာ လိုက်လုပ်ကြည့်ကြပါဗျာ.. တဆင့်ချင်းစီပြထားလို့ ပုံတွေတော့ နည်းနည်းများပါတယ်.. ဒီပိုစ့်ကို ကျနော် PDF ဖိုင်နဲ့ ထုတ်ပေးထားပါတယ်.. အရင်တုန်းက Photoshop လေ့ကျင့်ခန်းလေးတွေကိုလည်း နောက်တင်မယ့် ပိုစ့်မှာ PDF ဖိုင်နဲ့  စုပြီးပြန်လည် ထုတ်ပေးသွားပါအုန်းမယ်..

ကျနော် ဒီလေ့ကျင့်ခန်းလေးကို Photoshop CS3 Portable နဲ့ ဖန်တီးပြထားတာ ဖြစ်ပါတယ်.. Photoshop Portable တွေထဲမှာတော့ ဒီ CS3 လေးက အတော်လေး အသုံးပြုရ အဆင်ပြေလို့ပါ.. ကျနော့်ဆိုဒ်ထဲမှာ တင်ပေးထားတာ ရှိပါတယ်.. လိုအပ်တဲ့သူများ ဒီနေရာကနေ သွားယူလိုက်ပါဗျာ.. Photoshop CS3 ရှိပြီဆိုရင်တော့ ဒီလေ့ကျင့်ခန်းလေးကို စလိုက်ကြရအောင်..

Photoshop CS3 ကိုဖွင့်ပါ.. အောက်ကပုံအတိုင်း မိမိတို့ ပြုလုပ်ချင်တဲ့ ပုံတပုံကို ယူလိုက်ပါ.. ကျနော်ကတော့ ကာတွန်းပုံလေးတွေနဲ့ လုပ်ပြထားပါတယ်..

အပေါ်ကအတိုင်း ပုံတပုံယူပြီးရင်တော့.. အောက်ကအတိုင်း Photo ဆိုဒ်နဲ့ စာရွက်အလွတ် တရွက် ယူပါ..

ဒီနေရာမှာ မိမိတို့ ယူလိုက်တဲ့ စာရွက် အဖြူတရွက်ကို ဘယ်လို အရောင်ပြောင်းမလဲ ဆိုတာပါ.. လမ်းကြုံတုန်း တခါတည်း လုပ်ပြသွားပါမယ်.. အောက်ကပုံအတိုင်း Color Picker (Foreground Color) ဘောက်စ်လေးပေါ်အောင် A နေရာက အပေါ်ဘက်(ရှေ့ဘက်) ပုံလေးကို ၂ချက်တောက်လိုက်ပါ.. Color Picker (Foreground Color) ဘောက်စ်ပေါ်လာရင် ပုံမှာပြထားတဲ့ အတိုင်း မိမိတို့ ကြိုက်တဲ့ အရောင်ကို ယူပြီး OK ပေးလိုက်ပါ.. ဒီမှာတော့ အနီရောင်နဲ့ လုပ်ပြထားပါတယ်..

ကျနော်ယူလိုက်တဲ့အနီရောင်လေးစာရွက်အဖြူပေါ်ရောက်ဖို့ကီးဘုတ်ကAlt+Delete ကီးကိုတွဲနှိပ်ပါတယ်..။အောက်ကပုံအတိုင်းစာရွက်အဖြူရောင်ကနေအနီရောင် ပြောင်းသွားတာကို မြင်ရပါပြီ..

နောက်တခုကနောက်ကာလာကိုပြန်ပြောင်းချင်ရင်..ဒီမှာတော့ကျနော်ကတခါတည်း ပြလက်စနဲ့ နောက်ဘက်အဖြူကိုပါ အရောင်ပြောင်းလိုက်ပါတယ်..အောက်ကပုံအတိုင်းအောက်ဘက်အဖြူရောင်နေရာကို၂ချက်တောက်လိုက်ပြန်ပါတယ်..။ အောက်ဖက်က ဖြစ်တဲ့ အတွက် ပေါ်လာတဲ့ ဘောက်စ်ကလည်းColor Picker (Background Color) လို့ စာသားပါပြောင်းသွားပါတယ်..။ အဲ့ဒီထဲမှာ မိမိတို့ ကြိုက်တဲ့ ပြောင်းချင်တဲ့ အရောင်ကိုယူပါ.. ကျနော်ကတော့ အပြာရောင်ကို ပုံမှာပြထားတဲ့ အတိုင်း ယူလိုက်ပါတယ်..။

၂ချက်တောက်ရမယ့်နေရာမှာအနီရောင်နဲ့အပြာရောင် ၂ခုဖြစ်သွားပါပြီ..။ အနီရောင်ကနေ အောက်ဖက် အပြာရောင်ကိုပြန်ပြောင်းချင်ရင်တော့ကီးဘုတ်မှCtrl+Deleteကီးကိုတွဲနှိပ်လိုက်ရင် အောက်ကပုံအတိုင်း အနီရောင်ကနေ အပြာရောင် ပြောင်းသွားပါပြီ.. ဘယ်အရောင်ပဲ ထည့်ထည့် လုပ်ရမယ့် နည်းကတော့ ဒီအတိုင်းပါပဲ..။ ဒီအဆင့်ကို အဆင်ပြေမယ်လို့ ထင်ပါတယ်..

ဒါပေမယ့် ကျနော်က အဲ့ဒီအနီတို့ အပြာတို့နဲ့ မလုပ်ပါဘူး.. ဘာလို့လဲဆိုတော့ အရိပ်ထွက်အောင် လုပ်မှာဖြစ်တဲ့အတွက် နေထိုးနေတဲ့ နောက်ခံလေးကို ယူမှာပါ..။ ဒါကြောင့် အောက်ကပုံအတိုင်း 1 နေရာမှာ Right Click ထောက်ပြီး နောက်ခံ နေထိုးနေတဲ့ ဒီဇိုင်းလေးကို စယူပါမယ်.. 3 နေရာမှာတော့ ကလစ်ပြီး Sample ကနေ သွားယူလိုက်ရင် အဖြူနဲ့ စပ်ထားတဲ့ အရောင်မျိုးစုံကို ရွေးယူလို့ ရပါတယ်.. ဟိုအရင်တုန်းက တင်ပေးပြီးသားဖြစ်တဲ့ Photoshop ဖြင့်စာလုံး ဒီဇိုင်းများ ဖန်တီးခြင်း ပိုစ့်မှာ သေချာရှင်းပြထားပါတယ်.. လိုအပ်ရင်ပြန်ကြည့်လိုက်ပါ..။ အခုဒီမှာလည်း အဲ့ဒီနည်း တိုင်းပါပဲ.. နေထိုးနေတဲ့ ဒီဇိုင်းလေးတခုကို အောက်ကပုံအတိုင်း ကျနော်ယူလိုက်ပါတယ်..။ 5 နေရာမှာတော့ မောက်စ်မျှားနဲ့ အောက်ဖက်ကို ဖိဆွဲရမှာပါ.. ဒါဆိုရင် အောက်ကပုံအတိုင်း ဒီဇိုင်း တခုကို ရရှိပါပြီ..

ပြီးရင် ကျနော် အစောပိုင်းက ယူထားတဲ့ ပုံလေးတွေထဲက ပုံတပုံကို နောက်ခံအရောင်ကို ဖျက်ပါတော့မယ်..  ပုံရဲ့နောက်ကအရောင်က အဖြူရောင် ဖြစ်တဲ့ အတွက် Eraser Tool ပေါ်မှာ Right Click ထောက်ပြီး ပေါ်လာတဲ့ထဲက Magic Eraser Tool ကို ပုံမှာပြထားတဲ့ အတိုင်း ကလစ်ပြီး ယူလိုက်ပါတယ်..။ ပုံရဲ့နောက်က နောက်ခံအရောင်တူတဲ့ ကာလာတွေကို ဖျက်တဲ့အခါမှာ ဒီ Magic eraser Tool လေးက အတော်လေး အသုံးဝင်ပါတယ်.. နောက်ခံအဖြူရောင်ပေါ်မှာ တချက်ကလစ်လိုက်တာနဲ့ အရောင်တူတဲ့ အဖြူရောင်တွေအားလုံးကို ဖျက်ပေးပါလိမ့်မယ်..။ အဖြူပဲဖြစ်ဖြစ်၊ အပြာပဲ ဖြစ်ဖြစ် ဒီ Magic eraser Tool လေးက တချက်ထဲနဲ့ အရောင်တူဆို အကုန်ဖျက်ပေးပါတယ်..။ အောက်ကပုံမှာ ဆက်ကြည့်ပါ..

အပေါ်ပုံနဲ့ အောက်ပုံမှာ ပြထားတဲ့ အတိုင်း  Magic eraser Tool ကို ပြောင်းပြီး အရုပ်ရဲ့အောက်က အဖြူရောင်ပေါ်မှာ တချက်ကလစ်လိုက်ပါ..

အောက်ကပုံမှာ နောက်ခံ အဖြူရောင်တွေ မရှိတော့ပါဘူး.. အကွက်လေးတွေ ပြောင်းသွားပါပြီ.. အမဲရောင်ဖြစ်တဲ့ ကြွက်နှုတ်ခမ်းမွေးလေးတွေ ဒီတိုင်း ကျန်နေခဲ့ပါတယ်.. ကျနော်အဲဒါကို လိုချင်လို့ ဒီ Magic eraser Tool နဲ့ ဖျက်ပြတာပါ.. နောက်ခံ အကွက်လေးတွေ ဖြစ်သွားတဲ့ အတွက် ဒီအရုပ်လေးကို Move Tool နဲ့ တခြား စာရွက်ပေါ်ကို ဆွဲယူလို့ ရသွားပါပြီ..

အောက်ကပုံအတိုင်း ဝင်းဒိုး၂ခု(ဘောက်စ်၂ခု) ယှဉ်ထားပြီး A နေရာက Move Tool ကိုတချက်ကလစ်.. B နေရာက အရုပ်ပေါ်မှာ တချက်ဖိထားပြီး.. ဟိုဘက် နေထိုးနေတဲ့ ဒီဇိုင်း စာရွက်ပေါ်ကို အရုပ်ကလေး ဆွဲယူလိုက်ပါတယ်..။

အစိမ်းရောင်ပေါ်ကို ပုံလေး ရောက်သွားပါပြီ.. နှုတ်ခမ်းမွေးတွေ၊ ဆံပင်မွေးတွေ အားလုံးပါလာပါတယ်..။ အောက်ပုံ..

ရောက်လာတဲ့ပုံလေးကို ကီးဘုတ်မှ Ctrl+T နဲ့ အကြီး၊အသေး လိုသလို မိမိတို့ စိတ်ကြိုက် ပြုပြင်ယူလိုက်ပါ.. ပုံမှာပြထားတဲ့ ဘောင်လေး ပျောက်သွားဖို့ Enter ကို ခေါက်ပေးလိုက်ပါ..

Enter ခေါက်ပြီးရင် အောက်ကပုံအတိုင်း မြင်ရပါပြီ.. ဒီနေရာမှာ စပြီး နောက်ကအရိပ်ထွက်အောင် လုပ်ပါပြီ.. အဲ့ဒီတော့ လေယာဘောက်စ်ရဲ့ အောက်ဆုံးက Fx နေရာမှာ တချက်ကလစ်ပြီး Drop Shadow ကိုထပ်ကလစ်ပါ.. ပုံမှာပြထားပါတယ်..

အောက်ကပုံအတိုင်း ထပ်ပေါ်လာရင် အမှန်ခြစ်ပေးပြီး OK နှိပ်ပါ.. လေယာနေရာမှာ 3 နေရာက Drop Shadow လေးပေါ်လာပါပြီ..။ 

အဲဒီ Drop Shadow ပေါ်မှာ Right Click ထောက်ပြီး.. Create Layer ကိုကလစ်ပါတယ်.. ပေါ်လာတဲ့ ဘောက်စ်မှာ OK ပေးလိုက်ပါ..


ဒါဆိုရင်တော့ Drop Shadow နေရာမှာ အောက်ကပုံမှာ ပြထားတဲ့ အတိုင်း ပြောင်းသွားပါပြီ..

အဲ့ဒီ Layer 1's Drop Shadow ကို တချက်ကလစ်ပြီး ကီးဘုတ်မှ Ctrl+T ကိုတွဲနှိပ်လိုက်ပါ..။

ပေါ်လာတဲ့ သူ့ရဲ့ဘောက်စ်လေးထဲမှာ Right Click ထောက်ပြီး Skew ကိုတချက်ကလစ်ပါ..

နောက်ထပ် Right Click ပြန်ထောက်ပြီး အောက်ကပုံအတိုင်း Distort ကို တချက်ကလစ်ပါတယ်..

ပြီးရင်တော့ မျှားပြထားတဲ့ အတိုင်း ဒေါင့်သုံးထောင့်ကနေ ဘေးဘက်ကို ဖြေးဖြေးချင်း ဆွဲထုတ်လိုက်ပါတယ်.. စိတ်တိုင်းကျဖြစ်ရင် Enter ခေါက်လိုက်ပါ..။

အောက်ကပုံအတိုင်း မြင်ရပါပြီ.. ဒါပေမယ့် နောက်က ထွက်လာတဲ့ အရိပ်က သိပ်မဲနေတဲ့ အတွက် Opacity ကနေ ကာလာ လျှော့ပြီး ချိန်ပေးလိုက်ပါ..


အပေါ်ပုံနဲ့ အောက်ပုံမှာ အရိပ်ထွက်လာတာ အရောင်မတူတော့ ပါဘူး.. လိုအပ်ရင် ထပ်ရှော့ပေးလိုက်ပါ.. မိမိတို့ မျက်စိနဲ့ ကြည့်လို့ အဆင်ပြေမယ့် အနေအထားကို ချိန်ယူလိုက်ပါ.. ကျနော်ပြထားတဲ့ အတိုင်း လိုက်လုပ်ရမယ်လို့ မဆိုလိုပါ..

အောက်ကပုံအတိုင်း ရေးရေးလေးဖြစ်အောင် ထပ်ရှော့ပေးလိုက်ပါတယ်.

စိတ်တိုင်းကျဖြစ်ပြီဆိုရင်တော့ အောက်ကပုံအတိုင်း လေယာတွေ အားလုံးကို ပေါင်းပေးလိုက်ပါ..

အောက်ကပုံမှာတော့ လေယာတခုတည်း ဖြစ်သွားပါပြီ..

သိမ်းတော့မယ်ဆိုရင်တော့ အရင်တုန်းက အတိုင်းပါပဲ.. လေ့လာခါစ လူသစ်တွေအတွက် ဒီနေရာကို ပြန်ပြပေးလိုက်ပါတယ်..။ အောက်ကပုံအတိုင်း File ကနေသွားလိုက်ပါ..

ရှာရလွယ်အောင် Desktop မှာသိမ်းပါတယ်.. 2 နေရာမှာ နာမည်ပေး.. 3 နေရာမှာ JPEG ဓါတ်ပုံဖေါ်မတ်ပြောင်းပြီး Save ကို နှိပ်ပါ..

အောက်ကပုံအတိုင်းပေါ်လာရင် OK ပေးပါ..

အောက်ဆုံးပုံအတိုင်း Desktop မှာ ကျနော်သိမ်းလိုက်တဲ့ ပုံလေး ရောက်နေပါပြီ.. အားလုံးပဲ မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို စိတ်တိုင်းကျ ဖန်တီးနိုင်၍ ပျော်ရွှင်ကြပါစေဗျာ.. 

ကျနော် ဒီလေ့ကျင့်ခန်းလေးကို PDF ဖိုင်နဲ့ ထုတ်ပေးလိုက်ပါတယ်.. အင်တာနက်လိုင်း မရှိတဲ့ နေရာတွေမှာလည်း ဒီလေ့ကျင့်ခန်းလေးကို ပြန်လည်ဖတ်ရှု့၊ လေ့ကျင့် နိုင်အောင်လို့ပါ.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူထားလိုက်ပါဗျာ..

ဒီဖိုင်လေးကြာကြာခံအောင်adflyလေး ကြားခံထားပါတယ်.. အောက်ကပုံလေးအတိုင်း ဒေါင်းယူနိုင်ပါတယ်..

Sunday, January 5, 2014

ဓာတ်ပုံအလှပြင်ချင်သူများအတွက် Photo Editor 6.1 [ Full Version ]

Full Version ]



ပုံလေးတွေကို လှပအောင် ဒီဇိုင်းမျိုးစုံနဲ့ ပြင်ချင်တဲ့ သူငယ်ချင်းတွေအတွက် Magic Photo Editor ဆော့ဝဲလ်လေးကို

တင်ပေးလိုက်ပါပြီ။ ဓါတ်ပုံပြင်ဖို့ Mask , Clipart , Cartoon ,Outline , Text , Frame ဒီဇိုင်းတွေ အများကြီး ပါပါတယ်။

အောက်မှာ

Monday, November 11, 2013

Photoshop နဲ့ဆံပင်များအားဖြတ်ယူနည်း

Photoshop ကို စ ကြည့်ကာစတုန်းကTools တွေအကြောင်းလေ့လာဖြစ်တယ်…ဆိုပါတော့ SelectionTool ရယ်လို့...ဒီမှာ ကွိုင်တစ်ခုတက်နေတာက ကိုလိုချင်တဲ့ပုံလေးတွေကို Flash songs
 တွေမှာ့ထည့်ပီးသုံးချင်လို့ ဖြတ်ထုပ်တယ် ဒါပေမဲ့ ဆံပင်နေရာတွေမှာအကုန်ပါမလာဘူး၊လိုက်ပြင်ရင်းနဲ့တုံးတိတိ တွေ ဖြစ်ကုန်တော့
ဘော်ဒါတွေက“ဆံပင်လဲညှပ်တတ်တယ်လား”တဲ့၊ပုံရဲ့ဆံပင်နေရာကအထာမကျဖြစ်နေတာကိုမြင်လို့လှောင်တာ…  ဘယ်လိုပြန်ပြောရမှန်းမသိဖြစ်သွားတယ်….။ခုမှပဲလုပ်နည်းလေးတွေ့လို့ပြန်share ပေးလိုက်ပါတယ်ဗျာ.. အရင်ဆုံး ကိုယ် ဖြတ်ယူချင်တဲ့ပုံကို Photoshop မှာ ဖွင့်လိုက်ပါ.. Menu->Filter->Extract (or) Alt+Ctrl+X ကိုနှိပ်လိုက်ရင် အောက်ပါပုံအတိုင်း Extract Box
ပေါ်လာပါမယ်..

Friday, October 11, 2013

ရောင်စုံ စာသားလေးနဲ့ GIF ပုံလေးရေးချင်လုပ်ချင်ရင်

ဒီအောက်ကပုံမျိုးရေးရေးချင်ကြရင်၊ မသိသေးတဲ့ သူများအတွက်မျှဝေလိုက်ပါတယ်။

Open မှာကလစ်ပြီး မိမိနှစ်သက်ရာပုံ(၁)ပုံထည့်ပါ

Thursday, October 10, 2013

Photoshop ဖြင့် ပတ်စပို့စ်ဓါတ်ပုံ(၈)ပုံ အလွယ်ကူဆုံးဖန်တီးခြင်း


ဒီတစ်ခါတော့ ပတ်စပို့စ်ဓါတ်ပုံဖန်တီးခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ နည်းပညာလေးတစ်ခု မျှဝေပေးချင်ပါတယ်။
ဒီနည်းလမ်းလေးကို ကိုလွင်မင်းဗိုလ်ရဲ့ဆိုဒ်ကနေ ရလာတာပါ။
သဘောကျတာနဲ့ မသိသေးတဲ့သူတွေကို သိရအောင် ပြန်လည်မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။

ပုံလေးတွေနဲ့ စနစ်တကျ

Monday, September 16, 2013

ကိုယ့်ဓာတ်ပုံ နှစ်အလှဆင်နည်း

အားလုံးမင်္ဂလာပါနန်း ဓာတ်ပုံအလှပြင်ချင်ရေလူတိ မသိသိမ့်ရေလူတိအတွက် မျှဝီလိုက်ပါရေ

မျှဝီပီချင်စွာက ဓာတ်ပုံပြင်ရေဆိုက်ပါ။ ဓာတ်ပုံကိုလှစွာတင်မက အသားရောင်ချေတိကိုပါ ပြောင်းပီးရေဆိုက်

သဘောကျလားပါဗျာလ်လာမသိ

ပြင်ချင်ကေ

Sunday, August 4, 2013

Photoshop cs3 ဖြင့် ပါတ်စပို့ပုံရှစ်ပုံ ဖန်တီးနည်း

Photoshop cs3 ဖြင့် ပါတ်စပို့ပုံရှစ်ပုံ ဖန်တီးနည်း

 

ဒီနည်းလေးကို ကျနော်သဘောကျလို့ တင်ပေးလိုက်တာပါ..။ အရင်တုန်းက ဝဘ်ဆိုဒ်တစ်ခုမှာ ဒီလိုပါတ်စပို့ပုံ လုပ်နည်းလေး ရှိခဲ့ဖူးပါတယ်..။ အခုအဲဒီဆိုဒ်က ပြန်ပြင်နေတာ အတော်ကြာနေပါပြီ..။ ဒီနည်းလေးကိုလည်း ကျနော်ဒီစာရေးတဲ့အချိန်ထိ အဲဒီဆိုဒ်မှာ ပြန်ရှာလို့ မတွေ့သေးပါဘူး..။ ဒါကြောင့် ဒီနည်းလေးကို ကျနော်နားလည်သလို ပြန်ပြီးရှင်းပြရင်းနဲ့ တန်ဖိုးရှိတဲ့ နည်းလမ်းလေးတွေ ပျောက်ကွယ်မသွားအောင် ကျနော့်ဆိုဒ်မှာ တင်ပေးလိုက်ပါတယ်..။ လုပ်နည်းတော့ နည်းနည်းရှုပ်ပါတယ်..။ တဆင့်ချင်းစီ ကြည့်သွားလိုက်ရင်တော့ တတ်သွားမှာပါ..။
ဒီမှာတော့ ဝင်းဒိုးထဲမှာပါတဲ့ ပုံလေးနဲ့ပဲ ပြပေးလိုက်ပါတယ်..။ တတ်အောင်သင်တဲ့ အနေနဲ့ ဘယ်ပုံနဲ့စမ်စမ်း အဆင်ပြေပါတယ်..။ တကယ်လုပ်တတ်သွားပြီ ဆိုတော့မှ မိမိတို့ရဲ့ ပုံလေးတွေနဲ့ လုပ်ကြည့်ရင်လည်း ရပါတယ်..။

အသိပေးစာ

Website အပြောင်းလဲ လုပ်နေပါသည်

uuuuuuuuuuuu

Blogger Tips and TricksLatest Tips For BloggersBlogger Tricks