
Android ဆိုရင် လူတိုင်း စိတ်ဝင်စား ကြပါတယ်။ IOS နဲ့ ယှဉ်လိုက်ရင် Android က free ရတာ များပါ
တယ်။ Open Source ဖြစ်တဲ့ အတွက် စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။
Android application ရေးသားနည်းကို အပြင်မှာဆိုရင် သိန်းချီပေးပြီး သင်တန်းတွေ တတ်နိုင်ပါတယ်။
ဒါပေမဲ့ မတတ်နိုင်တဲ့ သူတွေအတွက် သိသလောက်ကို ဝေမျှလိုက်ပါတယ်။
ညီမလည်း စာအုပ်တွေပဲ ဖတ်ပြီး လေ့လာ နေတဲ့ သူတစ် ယောက်ပါ။ Android Application ရေး နည်း
မပြောခင် အရင်ဆုံး Android အကြောင်းကို မိတ်ဆက်ပေး ချင်ပါတယ်။
Android ဆိုတာဘာလဲ? Android ဆိုတာ ကြိုးမဲ့ ဆက်သွယ်ရေး ကိရိယာများ အတွက်... ဦးတည်ပြီး ဒီဇိုင်း ထုတ်လုပ် ထားသော
အများ နားလည် လွယ်ပြီး မည်သူ မဆို ယူသုံး နိုင်သည့် Open Source Platform တစ်ခုပါ Android ကို
Google မှ ပြည့်စုံသည့် အဆင့်ရောက်အောင်..မွမ်းမံပြီး..Open Handset Alliance ( OHA ) မဟာမိတ် အုပ်စုမှ..ပိုင်ဆိုင်ပါတယ်။